
နေပြည်တော် အောက်တိုဘာ ၂၃
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများ မှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန် နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် မြဝတီ ကုန်သွယ်ရေးစခန်းမှ တင်သွင်းရာ ကုမ္ပဏီတစ်ခုမှာ အောက်ဆီဂျင် အရည်(Bowser) ယာဉ်တစ်စီးဖြင့် တန် ၂၀ တင်သွင်းခဲ့ပြီး အဆိုပါ အောက်ဆီဂျင် (အရည်) Bowser ယာဉ် တစ်စီးမှာ မြဝတီမှ ရန်ကုန် မြို့သို့ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၁ ရက်မှ ၂၃ ရက်အတွင်း ကုမ္ပဏီ ၆၅ ခုမှ ယာဉ်စီးရေ ၁၅၀ ဖြင့် အောက်ဆီ ဂျင်အရည် (Bowser) ယာဉ်ဖြင့် ၂၇၃ တန်၊ အောက်ဆီဂျင် (အရည်) Storage Container နှစ်ခု၊ အောက်ဆီဂျင် (အရည်) Distri-butor သုံးခု၊ အောက်ဆီဂျင် (အိုးခွံ) ၁၄၅၂၁ ခု၊ Oxygen Plant ၄၆ ခု၊ ဆေးရုံသုံးအောက်ဆီဂျင် ဖြည့်စက် လေးခု၊ Oxygen Gene-rator ၁၆ ခု၊ အိမ်သုံးအောက်ဆီ ဂျင်စက် (Oxygen Concentrator) ၁၆၉၉ ခု၊ Test Kit ၁၅၁၀၅ ခု၊ PPE ဝတ်စုံ ၁၆၈၃၂၅၊ လက်အိတ် ၆၇တန်နှင့် နှာခေါင်းစည်း (Mask) ၅၉၇ တန် တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။
အောက်တိုဘာ ၁ ရက်မှ ၂၃ ရက်အတွင်း ပြည်ပမှတင်သွင်း သည့် အောက်ဆီဂျင်အရည် (Bowser) ယာဉ် စုစုပေါင်း ၁၄ စီး မှာ ရန်ကုန်မြို့သို့ ၁၁ စီးနှင့် မန္တလေးမြို့သို့ သုံးစီးဖြစ်ပြီး Oxygen Plant စုစုပေါင်း ၄၆ ခုမှာ ရန်ကုန်မြို့သို့ ၃၂ ခု၊ မြစ်ကြီးနား မြို့သို့ နှစ်ခု၊ ကူမဲမြို့သို့ နှစ်ခု၊ လွိုင်ကော်မြို့သို့ နှစ်ခု၊ မန္တလေး၊ ဟုမ္မလင်း၊ ကျုံဒိုး၊ ဆင်ပေါင်ဝဲ၊ မင်းတုံး၊ သရက်၊ စလင်းနှင့် ပွင့်ဖြူ မြို့များသို့ တစ်ခုစီဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်း များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့် အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါး နှင့်ဆက်စပ်ပစ္စည်းများ တင်သွင်း ခြင်းနှင့် ဆက်စပ်သည့် အသိ ပေး ကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် comm-erce.gov.mm တွင် ဝင်ရောက် ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
သတင်းစဉ်