ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော် ဖေဖော်ဝါရီ  ၁၇


စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊  ထိန်းချုပ်၊    ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊    ပင်လယ် ရေကြောင်းနှင့်     နယ်စပ်ကုန်သွယ်ရေးစခန်းများမှ    နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက်     အချိန်နှင့်တစ်ပြေးညီ   စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ကုမ္ပဏီ တစ်ခု၊ ယာဉ်စီးရေ နှစ်စီး ဖြင့် နှာခေါင်းစည်း(Mask) ၉ ဒသမ ၅၁ တန်ကို တင်သွင်းခဲ့ကြောင်း သိရသည်။

 


ကိုဗစ်-၁၉ ရောဂါ   ကာကွယ်၊    ထိန်းချုပ်၊   ကုသရေးဆိုင်ရာ   ပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့်   ညှိနှိုင်းထားသည့် SOP များနှင့်အညီ  ဦးစားပေးတင်သွင်း ခွင့်ပြုပေးလျက်ရှိကြောင်းနှင့်   ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ  တင်သွင်းခြင်းနှင့် ဆက်စပ်သည့်    အသိပေးကြေညာချက်များကိုလည်း    အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက် ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။               
   

သတင်းစဉ်