ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ပိတ်ရက်မရှိ ဦးစားပေး တင်သွင်းခွင့်ပြုပေးလျက်ရှိ

 

နေပြည်တော်   ဩဂုတ်   ၁၄


ပြည်ပမှ   ကိုဗစ်-၁၉   ကူးစက်ရောဂါ      ကာကွယ်၊ ထိန်းချုပ်၊  ကုသရေးဆိုင်ရာပစ္စည်းများကို  စဉ်ဆက် မပြတ်    တင်သွင်းနိုင်ရေးအတွက်   စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အများ ပြည်သူရုံးပိတ်ရက်များတွင်လည်း    လေကြောင်း၊  ရေကြောင်းနှင့်   နယ်စပ်ကုန်သွယ်ရေးစခန်းများမှ  စဉ်ဆက်မပြတ်   တင်သွင်းနိုင်ရေး အတွက်  စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

 


ယနေ့တွင်  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အောက်ဆီဂျင် (အိုးခွံ) ၃၀ ၊ Oxygen Concentrator ၁၉၄၄ ခု အပါအဝင်  မူဆယ်၊ ချင်းရွှေဟော်၊    ကန်ပိုက်တီး၊    မြဝတီ၊   ထီးခီး  ကုန်သွယ်ရေးစခန်းများမှ အောက်ဆီဂျင်  (အရည်)   Bowser    ယာဉ်လေးစီးဖြင့်   ၇၉  တန်၊ အောက်ဆီဂျင်  (အရည်) အိုးဖြင့်  ငါးတန်၊    အောက်ဆီဂျင်     (ဓာတ်ငွေ့)   အိုးဖြင့်    တစ်တန်၊   အောက်ဆီဂျင်  (အရည်)  Storage Container သုံးခု၊   အောက်ဆီဂျင်အိုး   (အခွံ)  ၉၇၃၈ ခု၊   အိမ်သုံးအောက်ဆီဂျင် စက်(Oxygen Concentrator)  ၁၁၇၅ ခု၊     PPE ဝတ်စုံ ၄၀၆၈၀ နှင့် နှာခေါင်းစည်း (Mask) ၃၇ တန် တင်သွင်းနိုင်ခဲ့သည်။ အထက်ပါ ပစ္စည်းများကို  ကုမ္ပဏီ ၂၀ မှ  ယာဉ်စီးရေ ၅၄ စီးဖြင့် တင်သွင်းလာခြင်းဖြစ်သည်။

 


သြဂုတ်လအတွင်း    ယာဉ်စီးရေ ၈၀၃ စီးဖြင့် အောက်ဆီဂျင် (အရည်)  Bowser ယာဉ်ဖြင့်  ၇၄၃ တန်၊ အောက်ဆီဂျင်(အရည်)အိုးဖြင့် ၁၇၁  တန်၊ အောက်ဆီဂျင်   (ဓာတ်ငွေ့)    အိုးဖြင့်     ၇၂ တန်၊ အောက်ဆီဂျင် (အရည်) Storage Container ခုနစ်ခု၊ အောက်ဆီဂျင် (အရည်) Distributor ခြောက်ခု၊ အောက်ဆီဂျင်(အိုးခွံ)  ၉၉၆၀၁ ခု၊ Oxygen Plant ၂၂ ခု၊  အောက်ဆီဂျင်(Generator) ၁၀ ခု၊ အိမ်သုံး အောက်ဆီဂျင်စက်     (Oxygen  Concentrator)  ၇၀၅၀၄ ခု၊ Test Kit  ၁၅၀၂၆၈ ခု၊ PPE ဝတ်စုံ ၄၇၃၀၁၂  စုံ၊ လက်အိတ် ၇၂ တန်နှင့် နှာခေါင်းစည်း (Mask) ၉၈၃ တန် တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။

 


၂၀၂၁ ခုနှစ်   ဇူလိုင်  ၁ ရက်မှ   ယနေ့အထိ ယာဉ်စီးရေ ၁၆၁၄ စီးဖြင့် အောက်ဆီဂျင် အရည် (Bowser)ယာဉ်ဖြင့် တန် ၁၅၇၀ ၊ အောက်ဆီဂျင် အရည်  (အိုးဖြင့်) ၇၃၈ တန်၊      အောက်ဆီဂျင် ဓာတ်ငွေ့(Bowser) ယာဉ်ဖြင့်ကိုးတန်၊ အောက်ဆီဂျင် ဓာတ်ငွေ့(အိုးဖြင့်) ၁၈၆ တန်၊ Storage Container ခုနစ်ခု၊      အောက်ဆီဂျင်  (အရည်)      Distributor ခြောက်ခု၊ အောက်ဆီဂျင်(အိုးခွံ) ၁၄၀၀၉၂ ခု၊ Oxygen Plant ၃၀ ၊    ဆေးရုံသုံးအောက်ဆီဂျင်ဖြည့်စက် လေးခု၊ အောက်ဆီဂျင်ဖြည့်ကိရိယာ နှစ်စုံ၊ Oxygen Generator  ၂၁ ခု၊     အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) ၁၃၉၆၅၀၊    Test Kit ၄၇၃၁၄၆ ခု၊ PPE ဝတ်စုံ ၆၅၆၀၃၇ စုံ ၊ လက်အိတ်  ၈၈ တန်နှင့် နှာခေါင်းစည်း (Mask)   ၂၂၆၁ တန် တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။

 


၂၀၂၁ ခုနှစ် ဇူလိုင် ၁  ရက်မှ   ယနေ့အထိ  ပြည်ပ မှ   တင်သွင်းလာသည့်     အောက်ဆီဂျင်အရည် (Bowser) ယာဉ် စုစုပေါင်း  ၇၆  စီးတွင် ရန်ကုန်မြို့သို့  ၅၈ စီး ၊ မန္တလေးမြို့ သို့  ၁၁ စီး၊   ပဲခူးမြို့သို့ နှစ်စီး၊ မော်လမြိုင်မြို့သို့ လေးစီး၊     သထုံမြို့သို့ တစ်စီး ဖြစ်ကြောင်း သိရသည်။  Oxygen Plant စုစုပေါင်း ၃၀ မှာ လားရှိုးမြို့သို့ ငါးခု ၊ ရန်ကုန်မြို့သို့ လေးခု၊ ပဲခူးမြို့သို့ လေးခု ၊ မန္တလေးမြို့သို့ သုံးခု၊ ပခုက္ကူမြို့သို့ နှစ်ခု ၊ ဘားအံမြို့သို့ နှစ်ခု၊ မော်လမြိုင်မြို့သို့ နှစ်ခု၊ တောင်ကြီး၊ သံဖြူဇရပ်၊ မကွေး၊ ထားဝယ်၊ ဝါးခယ်မ၊ မြစ်သား၊ ကျောက်ပန်းတောင်းမြို့နှင့် မိုးကောင်း မြို့များသို့ တစ်ခုစီဖြစ်ကြောင်း သိရှိရသည်။

 


ကိုဗစ်-၁၉ကူးစက်ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ   ပြတ်လပ်မှုမရှိစေရန် အများပြည်သူရုံးပိတ်ရက်များအဖြစ်     သတ်မှတ် ကြေညာထားသည့်  ဩဂုတ် ၁၆ ရက်မှ ၂၂ရက်အထိ ရုံးပိတ်ရက်များတွင်လည်း    နယ်စပ်ကုန်သွယ်ရေး စခန်းများအနေဖြင့်  အလုပ်တာဝန်များ ရပ်ဆိုင်းထား မည်မဟုတ်ဘဲ    ပုံမှန်အတိုင်း    ပို့ကုန်သွင်းကုန် လုပ်ငန်းများ   ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နှင့်  ကိုဗစ်-၁၉ ကူးစက် ရောဂါ   ကာကွယ်ကုသရေး ပစ္စည်းများ တင်သွင်းမှုများကိုလည်း သက်ဆိုင်ရာ ဌာနများနှင့်   ညှိနှိုင်းထားသည့်  SOP များနှင့်အညီ ဦးစားပေး   တင်သွင်းခွင့်ပြုပေးမည်ဖြစ်ပြီး   အဆိုပါ ရက်များတွင် ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်) ပို့ကုန် သွင်းကုန်လုပ်ငန်းဌာနခွဲနှင့်     ပို့ကုန်သွင်းကုန်ရုံး (ရန်ကုန်) တို့မှ    အွန်လိုင်းစနစ်ဖြင့်  ပို့ကုန်သွင်းကုန် လိုင်စင် လျှောက်ထားမှုများကိုလည်း ရုံးချိန်အတွင်း ပုံမှန်အတိုင်း      ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဩဂုတ် ၁၃ ရက်နေ့စွဲဖြင့်   အသိပေး ကြေညာချက်ထုတ်ပြန်ထားကြောင်း   သတင်းရရှိ သည်။

 


စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ် ကုသရေးပစ္စည်းများ   တင်သွင်းရာတွင်   လွယ်ကူ မြန်ဆန်စေရေးအတွက်   သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသလို        အကူအညီ လိုအပ်ပါကလည်း  သက်ဆိုင်ရာ တာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက်    ဌာနများ အလိုက်    ဆက်သွယ်မေးမြန်းနိုင်သည့်  တာဝန်ခံ (Contact Person) များနှင့်  အသိပေးကြေညာချက် များကိုလည်း     ဝန်ကြီးဌာန  Website  ဖြစ်သည့် Commerce.gov.mm တွင်  ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း   သိရသည်။ 


သတင်းစဉ်