ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေးအတွက် ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်    ဩဂုတ်   ၂၉


စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လိုအပ်သည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင် ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင်စက်၊ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို  အများပြည်သူ အလုပ် ပိတ်ရက်အဖြစ် သတ်မှတ်ကြေညာထားသည့် ဩဂုတ် ၂၃ ရက်မှ ၃၁ ရက်အတွင်း၌လည်း  လေကြောင်း၊ ရေကြောင်းနှင့်  နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ်   တင်သွင်းနိုင်ရေးအတွက်    စီစဉ် ဆောင်ရွက်ပေးလျက်ရှိသည်။


ထိုသို့ဆောင်ရွက်လျက်ရှိရာ  ယနေ့  ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊  ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်၊ မြဝတီကုန်သွယ် ရေးစခန်း လေးခုတို့မှတင်သွင်းရာ၌ ကုမ္ပဏီ ၁၂ ခုမှ ယာဉ်စီးရေ ၁၉ စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ်နှစ်စီးဖြင့်  ၃၉ တန်၊ အောက်ဆီဂျင် (အရည်)အိုးဖြင့်  ၀ ဒသမ ၂၅ တန်၊ အောက်ဆီဂျင်(အရည်) Storage Container နှစ်ခု ၊ အောက်ဆီဂျင် (အိုးခွံ) ၁၈၀ ခု၊ အိမ်သုံး Oxygen Concentrator  ၁၂၁၅ ခု၊ Test Kit ၂၅၀၀၊ PPE ဝတ်စုံ  ၄၂၂၀၀ နှင့် နှာခေါင်းစည်း (Mask) ၁၆ တန်တင်သွင်းခဲ့သည်။ အောက်ဆီဂျင် အရည် (Bowser) ယာဉ်နှစ်စီးမှာ ရန်ကုန်မြို့သို့ တစ်စီးနှင့် မော်လမြိုင်မြို့သို့   တစ်စီးဖြစ်ကြောင်း သိရသည်။    


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးဆိုင်ရာပစ္စည်းများကို ပြည်ပမှ တင်သွင်းရာတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိ ပါကြောင်းနှင့်   ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့်  အသိပေးကြေညာ ချက်များကိုလည်း      အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက် ပေးထားပါကြောင်း သိရသည်။              

သတင်းစဉ်