ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ပိတ်ရက်မရှိ တင်သွင်းခွင့်ပြုပေးလျက်ရှိ

 

နေပြည်တော်   ဩဂုတ်   ၁၈


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ပစ္စည်းများကို အများပြည်သူ ရုံးပိတ်ရက်များ တွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ် ရေးစခန်းများမှ စဉ်ဆက်မပြတ် အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက်    ပိတ်ရက်မရှိ   စီစဉ် ဆောင်ရွက်ပေးလျက်ရှိသည်။

 


ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် မှ Oxygen Concentrator ၁၃၃၂ ခု ၊ နှာခေါင်းစည်း (Mask) ၁၂ တန်၊ ဆိပ်ကမ်းများမှ အောက်ဆီဂျင်(အိုးခွံ) ၃၃၆၀ ၊ Oxygen Plant ခြောက်ခု၊ Oxygen Concen-trator အခု ၁၅၀  ၊ နှာခေါင်းစည်း (Mask) လေးတန် အပါအဝင်  မူဆယ်၊  ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ ထီးခီး ကုန်သွယ် ရေးစခန်းများမှ အောက်ဆီဂျင်(အရည်) Bowser ယာဉ်နှစ်စီးဖြင့် တန် ၄၀  ၊ အောက်ဆီဂျင်(အရည်) အိုးဖြင့် ၂၈ တန်၊ အောက်ဆီဂျင်အိုး(အခွံ) ၉၂၈၁ လုံး၊ Oxygen Plant ခြောက်ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) ၂၆၉၈ ခု၊ PPE ဝတ်စုံ ၂၄၄၇၅ စုံနှင့်   နှာခေါင်းစည်း  (Mask) ၈၇ တန် တင်သွင်းနိုင်ခဲ့သည်။ အထက်ပါ ပစ္စည်းများကို ကုမ္ပဏီ ၁၉ ခုမှ ယာဉ်စီးရေ ၄၃ စီးဖြင့် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

 


သြဂုတ်လအတွင်း ယာဉ်စီးရေ ၉၈၇ စီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်ဖြင့် ၉၈၆ တန်၊ အောက်ဆီဂျင်(အရည်)အိုးဖြင့် ၂၄၇ တန်၊ အောက်ဆီဂျင် (ဓာတ်ငွေ့)  အိုးဖြင့်  ၇၂  တန်၊ အောက်ဆီဂျင် (အရည်) Storage Container ၁၂ ခု၊ အောက်ဆီဂျင် (အရည်) Distributor ခြောက်ခု၊ အောက်ဆီဂျင်(အိုးခွံ) အခု ၁၂၁၂၀၀ ၊ Oxygen Plant ၃၂ ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် နှစ်ခု၊ အောက်ဆီဂျင်  (Generator)  ၁၁  ခု၊  အိမ်သုံး အောက်ဆီဂျင်စက်   (Oxygen   Concentrator) ၈၀၃၃၇ ခု၊ Test Kit ၁၅၁၀၄၈ ခု၊ PPE ဝတ်စုံ ၅၄၆၆၆၅ စုံ၊ လက်အိတ် ၈၃ တန်နှင့် နှာခေါင်းစည်း (Mask) ၁၂၇၈ တန် တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။

 


၂၀၂၁ ခုနှစ် ဇူလိုင် ၁ ရက်မှ သြဂုတ် ၁၈ ရက် အထိ ပြည်ပမှ တင်သွင်းလာသည့် အောက်ဆီဂျင် အရည်(Bowser) ယာဉ်စုစုပေါင်း ၈၉ စီးတွင် ရန်ကုန် မြို့သို့ ၆၇ စီး ၊ မန္တလေးမြို့သို့ ၁၅ စီး ၊ မော်လမြိုင်မြို့သို့ လေးစီး ၊ ပဲခူးမြို့သို့ နှစ်စီး ၊ သထုံမြို့သို့ တစ်စီး ဖြစ်ကြောင်း သိရှိရသည်။ Oxygen Plant စုစုပေါင်း ၄၀ တွင် ရန်ကုန်မြို့သို့ ၁၁ ခု၊ လားရှိုးမြို့သို့ ငါးခု ၊ ပဲခူးမြို့သို့ လေးခု ၊ မန္တလေးမြို့သို့ လေးခု၊ ကျောက် ပန်းတောင်းမြို့သို့ သုံးခု ၊ ပခုက္ကူမြို့သို့ နှစ်ခု ၊ ဘားအံ မြို့သို့ နှစ်ခု၊  မော်လမြိုင်မြို့သို့  နှစ်ခု၊ တောင်ကြီး၊ သံဖြူဇရပ်၊ မကွေး၊ ထားဝယ်၊ ဝါးခယ်မ၊ မြစ်သားနှင့် မိုးကောင်းမြို့များသို့ တစ်ခုစီဖြစ်ကြောင်း သိရသည်။

 


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ် ကုသရေးပစ္စည်းများ    တင်သွင်းရာတွင်  လွယ်ကူ မြန်ဆန်စေရေးအတွက်   သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသလို အကူအညီ လိုအပ် ပါကလည်း    သက်ဆိုင်ရာ      တာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက်     ဌာနများ အလိုက်  ဆက်သွယ်မေးမြန်းနိုင်သည့်  တာဝန်ခံ (Contact Person) များနှင့် အသိပေးကြေညာချက် များကိုလည်း  ဝန်ကြီးဌာန  Website  ဖြစ်သည့် Commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရသည်။ 


သတင်းစဉ်