ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူပြု ပစ္စည်းများနှင့် အောက်ဆီဂျင်အိုးများ ပေးအပ်လှူဒါန်းလျက်ရှိ

နေပြည်တော်  ဇူလိုင်  ၁၉


လက်ရှိအချိန်တွင်   ကိုဗစ်-၁၉ ရောဂါ  တတိယလှိုင်းဖြစ်ပွားမှု မြင့်တက်လျက်ရှိပြီး      ဓာတ်ခွဲ အတည်ပြု   ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို      တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊  ကျန်းမာရေး ဌာနများနှင့်  ကိုဗစ်စင်တာများ တွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊     ကျန်းမာရေး ဝန်ထမ်းများ၊   လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍  အင်တိုက် အားတိုက် ဆောင်ရွက်ပေးလျက် ရှိသည်။  ထိုသို့ ဆောင်ရွက်ပေးရာ တွင်  အထောက်အကူဖြစ်စေရန် အတွက် ကာကွယ်၊ ထိန်းချုပ်၊  ကုသ ရေးပစ္စည်းများ၊   အောက်ဆီဂျင်အိုး များနှင့်  အာဟာရဖြည့်စားသောက် ဖွယ်ရာများကို       တပ်မတော်က သွားရောက်  ထောက်ပံ့လှူဒါန်း ပေးလျက်ရှိသည်။


ထိုသို့  ပေးအပ်လှူဒါန်းလျက် ရှိရာ ဇူလိုင် ၁ ရက်မှ ယနေ့အထိ တိုင်းဒေသကြီးနှင့်    ပြည်နယ် အသီးသီးရှိ   ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာ ရေးဌာနများ၊  ကိုဗစ်စင်တာများ၊ ဘာသာရေးကျောင်းများ၊ စာသင် ကျောင်းများနှင့် ဒေသခံပြည်သူ လူထုများသို့      သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်း မှူးများနှင့်   တာဝန်ရှိသူများက အောက်ဆီဂျင်အိုး   ၃၀၇၂  လုံး၊ နှာခေါင်းစည်း ၃၁၈၃၆၂ ခု၊  တစ် ကိုယ်ရေသုံးကာကွယ်ရေးဝတ်စုံ ၁၄၄၀၊  လက်သန့်ဆေးရည် ၅၅၇ ဘူး၊  မျက်နှာအကာအခု   ၂၀၀၊ လက်ဆေးဆပ်ပြာရည်လေးပုံး၊ လက်အိတ်  Surgical Gloves ၁၂၀၀ ၊ ခေါင်းစွပ် ၉၀၀၊  စက်သုံး ဆီများ၊ အာဟာရဖြည့်စားသောက် ဖွယ်ရာများနှင့်  အလှူငွေများကို   သွားရောက်   ပေးအပ်လှူဒါန်းနိုင် ခဲ့ကြောင်းနှင့်  ဆက်လက်ပေးအပ် လှူဒါန်းသွားမည်ဖြစ်ကြောင်း     သတင်းရရှိသည်။ 


သတင်းစဉ်