
နေပြည်တော် မတ် ၁၄
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများအား ရေကြောင်း၊ ဆိပ်ကမ်းနှင့် နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက် ရှိသည်။ ထိုသို့ထုတ်ပေးရာတွင် မတ် ၁၄ ရက်၌ ရန်ကုန် ဆိပ်ကမ်းများမှ ဆေးဝါးမျိုးစုံ ၂၇ မျိုး စုစုပေါင်း ၈၇၈၅၆ ဒသမ ၀၉ Kg ၊ နယ်စပ်(ချင်းရွှေဟော်)တွင် ကုမ္ပဏီနှစ်ခုမှ Oxygen Clinder ၂၀၀၊ Flow Meter (Oxygen Regulator) ၂၀၀၊ Oxygen Plant တစ်ခု တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်