
နေပြည်တော် ဧပြီ ၃၀
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများအား ရေကြောင်း၊ ဆိပ်ကမ်းအသီးသီး မှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ဧပြီ ၃၀ ရက်၌ ရန်ကုန်ဆိပ်ကမ်းများမှ ဆေးဝါးမျိုးစုံ ၁၆ မျိုး၊ စုစုပေါင်း ၃၃၂၆၉ ဒသမ ၁၃ Kg တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်