ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး  ဆေးနှင့်ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

 

 

နေပြည်တော်  ဇန်နဝါရီ     ၁၈
အကောက်ခွန်ဦးစီးဌာနအနေဖြင့်    ကိုဗစ်-၁၉   ရောဂါ   ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများကို  ရေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ် အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိသည်။
ထိုသို့ထုတ်ပေးရာတွင် ဇန်နဝါရီ ၁၈ ရက်၌ ရန်ကုန်ဆိပ်ကမ်းများမှ ဆေးဝါးမျိုးစုံ ၄၁ မျိုး စုစုပေါင်း(၈၇၉၁၉.၇၉)KG၊ နယ်စပ်(ချင်းရွှေဟော်) တွင် ကုမ္ပဏီ တစ်ခုတို့မှ Oxygen Concentrator  ၉၄ ခုတို့ကို ထုတ်ပေး ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်