ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

နေပြည်တော်    ဩဂုတ်   ၂၂


အကောက်ခွန်ဦးစီးဌာနအနေဖြင့်  ကိုဗစ်-၁၉  ရောဂါ ကာကွယ်၊  ထိန်းချုပ်၊  ကုသရေးပစ္စည်းများအား  လေကြောင်း၊  ဆိပ်ကမ်း၊ နယ်စပ်ဂိတ် အသီးသီးမှ ရုံးပိတ်ရက်ရှည်ကာလအတွင်း  နေ့စဉ် ရုံးပိတ်ရက်မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ဩဂုတ် ၂၂ ရက်၌  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်  ကုမ္ပဏီ ၁၂ ခုမှ Amnavir-400 Tablet  ၉၉၉၀၊ Azinam-250 Tablet ၁၉၂၄၃ ခု၊ Emboxin-40 Injection ၄၀၀၀၀၊  Emboxin-60  Injection ၄၀၀၀၀၊   Enoxaparin Sodium Injection ၄၀၀၀၊ Immunospreme Capsule ၁၅၁၂၀၊ Nova-C Tablet ၁၀၀၁၀၊ နှာခေါင်းစည်း ၁၂၀၊ Nasal Cannula ၁၂၀၊ Oximeter ၅၁၀၀၊ အိမ်သုံးအောက်ဆီဂျင်စက် ၄၅၀၊ Oxygen Concentrator Spaer Part ၆၈ ခု၊ Spirometer ၂၀၀၊ နယ်စပ် (ချင်းရွှေဟော်၊ မူဆယ်၊ မြဝတီ)တွင် ကုမ္ပဏီ ၂၂ ခုမှ Oxygen Cylinder  ၃၀၃၄ ခု၊  Oxygen   Concentrator   ၈၃  ခု၊ နှာခေါင်းစည်း ၅၁၅၀၊ Liquid Oxygen  ၂၉၁၃၁ ကုဗမီတာ၊  Liquid Oxygen ၁၉ ဒသမ ၀၆ တန်၊ Flow Meter ၄၉၈၀၊ တစ်ကိုယ်ရေသုံးကာကွယ်ရေးဝတ်စုံ ၁၇၀၀၀၊ အောက်ဆီဂျင် ထုတ်သည့်စက် သုံးခု၊ Blood Pressure Monitor ၅၀၀၊ Thermometer ၁၅၀၊ Spary Gun ၁၅၀၊ Oxygen Storage Container တစ်ခု၊ Oxygen Mask ၂၆၂၀၊ Oximeter ၁၅၀၊ Oxygen Liquid Distributor တစ်ခု၊ Trolley ၃၀၊ Ultraviolet Disinfection Mobile Cart ငါးခု၊ Cleaning Liquid ၁၉၅၀ ကီလိုဂရမ်၊ Cannula ၁၀၀၀၊ Face Shield ၁၀၅၀၀၀ ကီလိုဂရမ် တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။  

    သတင်းစဉ်