
နေပြည်တော် နိုဝင်ဘာ ၂
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများအား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေး ထုတ်ပေးလျက်ရှိသည်။ ထိုသို့ ထုတ်ပေးရာတွင် နိုဝင်ဘာ ၂ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကုမ္ပဏီတစ်ခုမှ Ascortain-C-Vitamin C 500 mg ၄၉၇၃ခု၊ Zinda-20 mg Tablet ၂၉၆၇ ခု၊ ရန်ကုန်ဆိပ်ကမ်းများမှ Medical Equipment ၂၈၄၈ ခု၊ Oxygen Generator တစ်ခု၊ Oxygen Plant Spare Part ငါးခုနှင့် ဆေးဝါးမျိုးစုံ ၅၁ မျိုး (၁၅၅၆၁၄ ဒသမ ၀၇ Kg) ၊ နယ်စပ်မြဝတီ၊ ချင်းရွှေဟော်တွင် ကုမ္ပဏီငါးခုမှ Mask ၃၀၇၉၈ Kg၊ Liquid Oxygen ၂၀ m3၊ Vitamin B Complex Softgel Capsules ၅၇၇၂၀၊ Vitamin C Tablets ၉၄၄၀၊ Sodium Chloride Injection ၃၃၈၈၈၀၊ Glucose Injection ၁၂၆၂၄၀ တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်