
နေပြည်တော် အောက်တိုဘာ ၂၂
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်း ချုပ်၊ ကုသရေးပစ္စည်းများအား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေး လျက်ရှိသည်။ ထိုသို့ထုတ်ပေးရာတွင် အောက်တိုဘာ ၂၂ ရက်၌ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီလေးခုမှ Cetirizine Hydro- chlordie Tablet ၄၈၇၂ ခု၊ R Ziric Tablet ၉၇၂ ခု၊ Pantop Razole Injection ၁၀၀၀၀ ၊ Enoxatil Injection ၁၅၀၀၀ ၊ Detection Kit For Covid-19 ၁၀၅ ခု။
ရန်ကုန်ဆိပ်ကမ်းများမှ Respirator ၁၀၃၂၀၊ Diagnostic Ultra Sound System တစ် ခု၊ Blood Pressure Monitor ၅၇၂၀၊ Spare Part Oxygen Booster Pump တစ်ခု၊ Oxygen Plant လေးခုနှင့် ဆေးမျိုးစုံ ၃၆ မျိုး ၇၇၁၀၀.၄၆ Kg ။
နယ်စပ်(မြဝတီ၊ ချင်းရွှေဟော်) တွင် ကုမ္ပဏီနှစ်ခုတို့မှ Gloves ၇၉၈၁ Kg ၊ Shoe Cover ၃၀၀ Kg ၊ Surgical Gown ၁၃၀၀၀ ခု၊ Disposable Face Mask ၃၀၀၀ Kg တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်