ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေး ထုတ်ပေးလျက်ရှိ

 

နေပြည်တော်   ဇန်နဝါရီ  ၁၉


အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊   ထိန်းချုပ်၊  ကုသရေး  ပစ္စည်းများကို ရေကြောင်း၊   ဆိပ်ကမ်း၊   နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိ သည်။ ထိုသို့ ထုတ်ပေးရာတွင် ဇန်နဝါရီ ၁၉ ရက်၌ ရန်ကုန်ဆိပ်ကမ်းများမှ Hexisol Hand Rub With Dispenser ၁၀၀၀ ၊  Spinocan ၂၅၀၀၀ ၊ Original Perfusor Line  ၂၅၀၀၀ ၊  Infusomat Space Line ၅၀၀၀၊ I.V Administration Set ၁၀၀၀၀ ၊ Surgical Glove ၈၁၀၀ ၊ ဆေးဝါးမျိုးစုံ ၆၀ စုစုပေါင်း ၂၀၅၅၈၇ ဒသမ ၈၄ kg ၊  နယ်စပ်(ချင်းရွှေဟော်)တွင်  ကုမ္ပဏီ တစ်ခုမှ Oxygen Cylinder ၁၁၀၀  တို့ကို ထုတ်ပေးခဲ့ ကြောင်း သတင်းရရှိသည်။            

 သတင်းစဉ်