
နေပြည်တော် မေ ၇
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ ကို ရေကြောင်း၊ ဆိပ်ကမ်းနှင့် နယ်စပ်ဂိတ် အသီးသီးမှ နေ့စဉ် လွယ်ကူချောမွေ့စွာ စစ်ဆေး ထုတ်ပေးလျက်ရှိရာ မေ ၇ ရက်၌ ရန်ကုန်ဆိပ်ကမ်း များမှ ဆေးဝါးမျိုးစုံ ၂၅ မျိုး စုစုပေါင်း ၆၆၉၅၂ ဒသမ ၉၆ KG ၊ နယ်စပ်(ချင်းရွှေဟော်)တွင် ကုမ္ပဏီ နှစ်ခုမှ Paracetamol Tablet ၁၄၅၅ ခု၊ O.R.S (Fruit Flavor) Powder ၆၇၆၈ ခု၊ M.O.M Tablet အခု ၂၇၀၀၊ B6 Injection အခု ၂၂၉၈၀၊ Disposable Syringe ၂၇၈၄ ခု၊ Digital Blood Pressure Monitor အခု ၃၃၀၀ တို့ကို ထုတ်ပေး ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်