ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ဆေးနှင့် ပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

 

နေပြည်တော်   ဩဂုတ်   ၆


အကောက်ခွန်ဦးစီးဌာန    အနေဖြင့်    ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်  ကုသရေး      ပစ္စည်းများအား    လေ ကြောင်း၊   ဆိပ်ကမ်း၊   နယ်စပ်ဂိတ် အသီးသီးမှ ရုံးပိတ်ရက်ရှည်ကာလ အတွင်း         နေ့စဉ်ရုံးပိတ်ရက်မရှိ     လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ် ပေးလျက်ရှိရာ  ဩဂုတ် ၆ ရက်နေ့၌       ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင် ကုမ္ပဏီ  ၇၈ ခုမှ Blood Pre-ssure    Monitor   ၁၀၂၀၊    Cipremi Lyophilized Powder for Injection ၁၅၈၄၀၊   Enoxaparin    Injection ၄၁၀၃၆ ခု၊  Flow meter  ၆၂၅ ခု ၊ Oxygen  Regulator  ၅၅၀၅ ခု၊ Oximeter    ၂၄၀၃၅   ခု၊    Oxygen Cannula  ၂၀၀၀၊  Oxygen Concen-trator  ၃၃၈၉  ခု၊  ရန်ကုန်ဆိပ်ကမ်း များတွင် ကိုဗစ်-၁၉ ကာကွယ် ကုသ ဆေးနှင့်       အခြားဆေး   မျိုးစုံ ၃၀၁၉၈.၈၇ Kg ၊ နယ်စပ် (မူဆယ်၊ ချင်းရွှေဟော်၊ ကော့သောင်း၊ မြဝတီ) တွင် ကုမ္ပဏီ ၅၂ ခုမှ Mask ၅၃၄၉၄   ခု၊   Sodium     Chloride Injection ၂၆၅၀၀၊ Disposable Cap ၂၈၀၀၊ Liquid Oxygen ၁၅၃၅၇.၅၈  m3၊  Liquid  Oxygen  ၁၈. ၅ တန်၊ Oxygen Concentrator ၁၀၆၅  ခု၊  Flow  Meter ၆၈၁၀၊ PPE  ၄၀၂၅၀၊   Oxygen  Plant  ငါးခု၊ Oximeter  ၂၀၀၀၊ Oxygen Cylinder    ၆၄၇၅   ခု၊   Vitamin  C  Tablet  ၃၉၀၀ ခု တို့ကို ထုတ်ပေးခဲ့ကြောင်း    သတင်းရရှိ သည်။                            

သတင်းစဉ်