ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့် ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

 

နေပြည်တော်   ဧပြီ   ၂၃
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊     ထိန်းချုပ်၊      ကုသရေးပစ္စည်းများကို ရေကြောင်း၊ ဆိပ်ကမ်းနှင့် နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက် ရှိရာ   ဧပြီ  ၂၃  ရက်တွင်    ရန်ကုန်ဆိပ်ကမ်းများမှ ဆေးဝါးမျိုးစုံ ၁၃ မျိုး စုစုပေါင်း ၂၂၂၄၄ ဒသမ ၀၀ Kg ၊    နယ်စပ်(ချင်းရွှေဟော်)တွင်  ကုမ္ပဏီနှစ်ခုမှ Digital Blood Pressure Monitor ၆၅၀၊ Glucose Injection ၁၀၈၀၀၊ Paracetamol Tablet ၃၉၈၀၀၊ Scalp Vein Set ၆၅၂၀ တို့ကို   ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။                                    
    သတင်းစဉ်