
ထပ်မံသေဆုံးသူ ၃၄ ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း ၁၈၀၆၈ ဦးရှိ
(၈-၁၀-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူ လူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက် ရန်လိုအပ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါသည်။
ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့ သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ (၇-၁၀-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၈-၁၀-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၈,၇၆၂)ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁,၄၆၆)ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင် နှုန်းမှာ (၇.၈) ရာခိုင်နှုန်း ရှိပါသည်။
သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၄၆၉,၁၉၄)ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၄၇၅,၈၈၅) ဦး ရှိပြီဖြစ်ပါသည်။
ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၁,၂၃၉) ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၄၂၉,၁၈၀) ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်ပါသည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ (၃၄) ဦး ရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၈,၀၆၈) ဦး ရှိပါသည်။
l ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို-
(က) ရောဂါဖြစ်ပွားမှုနှင့် ရောဂါကြောင့်သေဆုံးမှုကို လျှော့ချရန်၊
(ခ) ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်၊
(ဂ) ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံ့စီးပွားရေးထိခိုက်မှုကို လျှော့ချနိုင်ရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျက်ရှိပါသည်။
l ကျန်းမာရေးဝန်ကြီးဌာနမှ ထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးများသည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ အသိအမှတ်ပြုထားသည့် အာနိသင်ထက်မြက်၍ ဘေးကင်းလုံခြုံစိတ်ချရပြီး အရည် အသွေး ကောင်းမွန်သည့်ဆေးများ ဖြစ်ပါသည်။
l သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် ကာကွယ်ဆေးနှင့်ပတ်သက်သည့် သတင်းအမှားများနှင့် ကောလာဟလသတင်းများကို မယုံကြည်ကြပါရန်နှင့် မိမိအတွက် ရရှိသော ကာကွယ်ဆေး သည် မိမိကိုယ်တိုင်နှင့် မိသားစုအသိုင်းအဝန်းအတွက် အကောင်းဆုံးဖြစ်ပါ၍ ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် စနစ်တကျတက်ကြွစွာ ပါဝင်ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်။
l ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် အင်တာနက်စာမျက်နှာ www.mohs.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန