
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးဝန်ကြီးဌာန
အမိန့်အမှတ်၊ ၅၆/၂၀၂၂
၁၃၈၃ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက်
(၂၀၂၂ ခုနှစ်၊ မတ်လ ၁၅ ရက်)
ကျန်းမာရေးဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။
၁။ ကျန်းမာရေးဝန်ကြီးဌာနသည် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Corona-virus Disease 2019 - COVID-19) ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရောဂါကူးစက် ပြန့်ပွားမှု မဖြစ်စေရန်အတွက် လူ ၅၀ ဦးအစား လူ ၁၀၀ ဦးထက်ပို၍ စုဝေးခြင်းမပြုရန် ၂၉-၁၀-၂၀၂၁ ရက်စွဲပါအမိန့် အမှတ် ၄၇၉/၂၀၂၁ ဖြင့်လည်းကောင်း၊ ဘာသာရေးဆိုင်ရာ အခမ်းအနားများနှင့် သာရေး/နာရေးဆိုင်ရာကိစ္စရပ်များအတွက် လူ ၂၀၀ ဦးအထိ စုဝေးခွင့်ပြုကြောင်း ၃၀-၁၂-၂၀၂၁ ရက်စွဲပါ အမိန့်အမှတ် ၅၃၈/၂၀၂၁ ဖြင့်လည်းကောင်း ထုတ်ပြန်ခဲ့ပါသည်။
၂။ ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေများအပေါ် သုံးသပ်ချက်များအရ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် တွေ့ရှိမှု၊ ပိုးတွေ့နှုန်းနှင့် သေဆုံးမှုနှုန်းတို့မှာ သိသာစွာကျဆင်း လာကြောင်း တွေ့ရှိရသဖြင့် ခြွင်းချက်ပြုဖော်ပြထားသော ကိစ္စရပ် များမှအပ လူ ၄၀၀ ဦး အထိ ၁၆-၃-၂၀၂၂ ရက်နေ့မှစ၍ စုဝေးခွင့်ပြု ကြောင်း ထုတ်ပြန်လိုက်သည်။
၃။ ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့က ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေ များအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
ဒေါက်တာသက်ခိုင်ဝင်း
ပြည်ထောင်စုဝန်ကြီး