ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများထားရှိရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်

 

နေပြည်တော်   ဩဂုတ်    ၁၅


ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိ ရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေ အသီးသီးရှိ      တပ်မတော်ဆေးရုံများ၊ နယ်မြေခံ       သင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို     လုပ်ဆောင် လျက်ရှိရာ  ပြီးစီးသည့်  နေရာများတွင် စနစ်တကျ လက်ခံ၍ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ   ဆောင်ရွက်ပေး လျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီး ဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိ ပြည်သူများနှင့်           ပူးပေါင်း၍လည်း သက်ဆိုင်ရာမြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင် ရွက်လျက်ရှိသည်။ 


ယင်းသို့ပြင်ဆင်ဆောင်ရွက်ပေးနေ မှုများနှင့်     ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ    ဆောင်ရွက်ပေးနေမှုကို      ယနေ့တွင် တိုင်းဒေသကြီးနှင့်  ပြည်နယ် အသီးသီးမှ  တာဝန်ရှိသူများ၊ သက်ဆိုင်ရာ    တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိ သူများက  သွားရောက်ကြည့်ရှု၍ ကိုဗစ်-၁၉ ရောဂါ အထောက်အကူပြု ပစ္စည်းများ၊ အာဟာရဖြည့် စားသောက် ဖွယ်ရာများနှင့် အလှူငွေများ ပေးအပ်ကာ  လိုအပ်သည်များ   ညှိနှိုင်းဆောင်ရွက် ပေးသည်။  


ထိုသို့ ပြင်ဆင်လက်ခံဆောင်ရွက်ပေး လျက်ရှိရာ ယနေ့ည ၇ နာရီအထိ နေပြည် တော်   စစ်ကြောရေးနှင့်   တည်းခိုရေး စခန်း၌  သီးသန့်စောင့်ကြည့်ရမည့်သူ အမျိုးသား    ၂၂၂    ဦးနှင့်   အမျိုးသမီး  ၁၅၈ ဦး စုစုပေါင်း ၃၈၀ ကိုလည်းကောင်း၊ ဥတ္တရသီရိမြို့နယ်ရှိ       နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အမျိုး သား ၁၆ ဦး၊ အမျိုးသမီး ခြောက်ဦး၊ စုစု ပေါင်း    ၂၂   ဦးကို   လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး    လှိုင်မြို့နယ် စစ်ကြောရေးနှင့်    တည်းခိုရေးစခန်း၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အမျိုး သား ၁၇၁ ဦးနှင့် အမျိုးသမီး ၁၅၀  စုစု ပေါင်း  ၃၂၁  ဦးကိုလည်းကောင်း၊  ရဲမွန် တပ်မြို့ရှိ    နယ်မြေခံတပ်၌       ဓာတ်ခွဲ အတည်ပြု     ပိုးတွေ့လူနာ  အမျိုးသား ၆၂ ဦး နှင့် အမျိုးသမီး ၃၅ ဦး စုစုပေါင်း ၉၇ ဦးကိုလည်းကောင်း လက်ခံထားရှိ ကြောင်း သိရသည်။


အထက်ပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု           လုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံ ဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်