ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများထားရှိရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်၊ ပြီးစီးသည့် စင်တာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ

နေပြည်တော် ဇူလိုင်  ၂၀


ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် သီးသန့် စောင့်ကြည့်ရမည့်သူများထားရှိရန်အတွက် တိုင်းစစ် ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊  စစ်ကြောရေး နှင့် တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး  ပြီးစီးသည့်နေရာများတွင် စနစ်တကျလက်ခံ၍   ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။  ထို့ပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အခြား ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်း များ၊  တာဝန်သိပြည်သူများနှင့်  ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌  ကန့်သတ်စောင့်ကြည့် စင်တာများကို  ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ 


ယင်းသို့  ပြင်ဆင်ဆောင်ရွက်ပေးနေမှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ  ဆောင်ရွက် ပေးနေမှုများကို ယနေ့တွင် သက်ဆိုင်ရာ  တိုင်းဒေသ ကြီးနှင့်  ပြည်နယ်များမှ   စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများ၊  တိုင်းမှူးများ၊  ဒုတိယတိုင်းမှူးများနှင့် တာဝန်ရှိသူများက  သွားရောက်ကြည့်ရှု၍ ကိုဗစ်-၁၉ ရောဂါ အထောက်အကူပြုပစ္စည်းများ၊   အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့်  အလှူငွေများပေးအပ် ကာ     လိုအပ်သည်များ     ညှိနှိုင်းဆောင်ရွက်ပေး သည်။  


ထိုသို့ ပြင်ဆင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့ည  ၇ နာရီထိ  နေပြည်တော်စစ်ကြော ရေးနှင့်   တည်းခိုရေးစခန်း၌   သီးသန့်စောင့်ကြည့် ရမည့်သူ  အမျိုးသား ၁၁၅ ဦးနှင့် အမျိုးသမီး ၁၂၇ ဦး စုစုပေါင်း ၂၄၂ ဦးကိုလည်းကောင်း၊ ဥတ္တရသီရိ မြို့နယ်ရှိ  နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာ အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၁၉ ဦး စုစုပေါင်း ၃၀  ကို လည်းကောင်း၊    ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်စစ်ကြောရေးနှင့်    တည်းခိုရေးစခန်း၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ  အမျိုးသား ၃၀၉ ဦး နှင့် အမျိုးသမီး ၁၉၆ ဦး  စုစုပေါင်း  ၅၀၅  ဦးကို လည်းကောင်း၊   ရဲမွန်တပ်မြို့ရှိ    နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ  အမျိုးသား ၆၀ နှင့် အမျိုးသမီး ၁၀ ဦး  စုစုပေါင်း ၇၀ ကို  လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ   နယ်မြေခံ သင်တန်းကျောင်း၌   ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာ အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ရှစ်ဦး စုစုပေါင်း ၃၅ ဦးကိုလည်းကောင်း   အသီးသီးလက်ခံထား ရှိကြောင်းနှင့်   ယနေ့တွင်  ကျန်းမာရေးကောင်းမွန် လာသည့် စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည် ပြုလူနာ စုစုပေါင်း  အမျိုးသား  ၅၆  ဦး၊  အမျိုးသမီး ၂၃ ဦး  စုစုပေါင်း  ၇၉  ဦးတို့ကို    သက်ဆိုင်ရာ ရပ်ကွက်များသို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။


အထက်ပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲ အတည်ပြုပိုးတွေ့လူနာများ၏ နေထိုင်စားသောက် ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံ ဆေးကုသရေးအဖွဲ့များနှင့်     တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်းစဉ်