ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်၊ ပြီးစီးသည့်စင်တာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ

နေပြည်တော်   စက်တင်ဘာ   ၁၂
ကိုဗစ်-၁၉   ရောဂါ  အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်  သူများထားရှိရန် အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ တပ်မတော်ဆေးရုံများ၊   နယ်မြေခံသင်တန်း ကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေး စခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင် လျက်ရှိပြီး   ပြီးစီးသည့်နေရာများတွင်  စနစ် တကျလက်ခံ၍   ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ   ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်း များ၊ တာဝန်သိပြည်သူများနှင့်    ပူးပေါင်း၍ လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။ 
ယင်းသို့ပြင်ဆင်ဆောင်ရွက်ပေးနေမှုများ နှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးနေမှုများကို ယနေ့တွင် တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူ များ၊    သက်ဆိုင်ရာ   တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှု၍ ကိုဗစ်-၁၉ ရောဂါ အထောက်အကူပြု  ပစ္စည်းများ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် အလှူငွေများပေးအပ်ကာ လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။  
ထိုသို့     ပြင်ဆင်လက်ခံဆောင်ရွက်ပေး လျက်၏ရှိရာ ယနေ့ည ၇ နာရီအထိ နေပြည် တော် စစ်ကြောရေးနှင့်  တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ အမျိုးသား ၁၀၉ ဦးနှင့် အမျိုးသမီး ၈၂ ဦး စုစုပေါင်း ၁၉၁ ဦးအား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့ နယ်   စစ်ကြောရေးနှင့်    တည်းခိုရေးစခန်း၌ ဓာတ်ခွဲအတည်ပြု   ပိုးတွေ့လူနာ  အမျိုးသား ၃၀ နှင့် အမျိုးသမီး ၁၂ ဦး   စုစုပေါင်း ၄၂ ဦး အားလည်းကောင်း    အသီးသီးလက်ခံထားရှိ ကြောင်း  သိရှိရသည်။
အဆိုပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲ အတည်ပြု ပိုးတွေ့လူနာများ၏ နေထိုင်စား သောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များရှိ  နယ်မြေခံဆေးကုသရေးအဖွဲ့များနှင့်  တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်