ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် သီးသန့် စောင့်ကြည့်ရမည့်သူများ ထားရှိရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်


 

နေပြည်တော်  ဩဂုတ်  ၂၄


ကိုဗစ်-၁၉ ရောဂါ  အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိရန် အတွက် တိုင်းစစ်ဌာနချုပ်  နယ်မြေအသီးသီးရှိ   တပ်မတော်ဆေးရုံများ၊   နယ်မြေခံသင်တန်း ကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေး စခန်းများ၌      ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး  ပြီးစီးသည့်နေရာများ တွင် စနစ်တကျလက်ခံ၍   ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့်      အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတ အဖွဲ့အစည်းများ၊ တာဝန်သိ ပြည်သူများနှင့်     ပူးပေါင်း၍လည်း   သက်ဆိုင်ရာမြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။ 
ယင်းသို့   ပြင်ဆင်ဆောင်ရွက်ပေးနေမှုများ နှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ယနေ့တွင်   တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ  တာဝန်ရှိ သူများ၊   သက်ဆိုင်ရာ    တိုင်းစစ်ဌာနချုပ်များ မှ    တိုင်းမှူးများနှင့်    တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍   ကိုဗစ်-၁၉  ရောဂါ အထောက်အကူပြုပစ္စည်းများ၊  အာဟာရဖြည့်  စားသောက်ဖွယ်ရာများနှင့်   အလှူငွေများ ပေးအပ်ကာ  လိုအပ်သည်များ  ညှိနှိုင်းဆောင် ရွက်ပေးသည်။  
ထိုသို့   ပြင်ဆင်လက်ခံ  ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့ည ၇ နာရီအထိ  နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ သီးသန့် စောင့်ကြည့်ရမည့်သူ အမျိုးသား ၁၅၆ ဦးနှင့် အမျိုးသမီး ၈၃ ဦး စုစုပေါင်း ၂၃၉ ဦးကို   လည်း ကောင်း၊ ဥတ္တရသီရိမြို့နယ်ရှိ နယ်မြေခံတပ်၌   ဓာတ်ခွဲအတည်ပြု    ပိုးတွေ့လူနာ  အမျိုးသား တစ်ဦးကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသ ကြီး လှိုင်မြို့နယ် စစ်ကြောရေးနှင့် တည်းခိုရေး စခန်း၌    ဓာတ်ခွဲအတည်ပြု    ပိုးတွေ့လူနာ အမျိုးသား ၅၅ ဦးနှင့်  အမျိုးသမီး ၆၅ ဦး  စုစုပေါင်း ၁၂၀ ကို လည်းကောင်း၊  ရဲမွန်တပ်မြို့ ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာ အမျိုးသား ၄၁ ဦး နှင့် အမျိုးသမီး ၁၂ဦး    စုစုပေါင်း  ၅၃ ဦးကို လည်းကောင်း   အသီးသီး   လက်ခံထားရှိကြောင်း သိရှိရသည်။
အဆိုပါ စောင့်ကြည့်လူနာများနှင့်  ဓာတ်ခွဲ အတည်ပြု    ပိုးတွေ့လူနာများ၏     နေထိုင် စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို သက်ဆိုင်ရာ    တိုင်းစစ်ဌာနချုပ် များရှိ   နယ်မြေခံ  ဆေးကုသရေးအဖွဲ့များနှင့်         တာဝန်ရှိသူများက   ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း  သတင်းရရှိသည်။
သတင်းစဉ်