
တိုကျို ဖေဖော်ဝါရီ ၁၆
ဂျပန်မင်းသမီး ယိုကိုသည် ကိုဗစ်-၁၉ ကုသမှုခံယူနေသည့် ဆေးရုံမှ ပြန်လည်ဆင်းလာပြီဖြစ် သည်။
အသက် ၃၈ နှစ်ရှိ မင်းသမီး သည် တိုကျိုတက္ကသိုလ်ဆေးရုံမှ ဖေဖော်ဝါရီ ၁၆ ရက်တွင် ဆင်းလာ ခဲ့သည်။ မင်းသမီး ယိုကိုသည် ဖေဖော်ဝါရီ ၈ ရက်က ကိုရိုနာ ဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိခဲ့ သည်။
အဆုတ်အအေးမိ လက္ခဏာ များတွေ့ရှိခဲ့သည့်အတွက် ကိုဗစ်-၁၉ တွေ့ရှိပြီး နောက်တစ်နေ့တွင် ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း အဖျားမရှိကြောင်း သိရသည်။
မင်းသမီးတွင် ကိုဗစ်-၁၉ လက္ခဏာ အသင့်အတင့်ဖြစ်ပွား ခဲ့ကြောင်း အိမ်တော်ထိန်းသိမ်း ရေးအေဂျင်စီက ပြောသည်။ ထို့အပြင် သူမ၏ ရောဂါလက္ခဏာ များသည် ဆေးကုသမှုကြောင့် တိုးတက်ကောင်းမွန် လာခဲ့ ကြောင်းနှင့် ဆရာဝန်၏ ခွင့်ပြု ချက်ဖြင့် ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ