ကိုဗစ်-၁၉ လူနာများနှင့် စောင့်ကြည့်ရမည့်သူများကို ကိုဗစ်စင်တာများ၌ စနစ်တကျလက်ခံ

 

နေပြည်တော် စက်တင်ဘာ ၃၀


ကိုဗစ်-၁၉   ရောဂါ   အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့် ရမည့်သူများ  ထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ်    နယ်မြေ အသီးသီးရှိ  တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြော ရေးနှင့်  တည်းခိုရေးစခန်းများ၌  စနစ်တကျလက်ခံ၍  ကျန်းမာရေး   စောင့်ရှောက်မှုလုပ်ငန်းများ   ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့်    အခြားဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊   တာဝန်သိပြည်သူများနှင့်       ပူးပေါင်း၍လည်း သက်ဆိုင်ရာမြို့နယ်များ၌ Quarantine Center  များ  ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိသည်။ 


ထိုသို့ လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ည ၇ နာရီအထိ နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌  သီးသန့်စောင့် ကြည့်ရမည့်သူ  အမျိုးသား ၂၂ ဦးနှင့်   အမျိုးသမီး  ၂၆  ဦး စုစုပေါင်း ၄၈ ဦးကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်စစ်ကြော ရေးနှင့် တည်းခိုရေးစခန်း၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ  အမျိုးသား   ၄၇  ဦးနှင့် အမျိုးသမီး ရှစ်ဦး စုစုပေါင်း ၅၅ ဦးကို လည်းကောင်း လက်ခံထားရှိကြောင်း  သိရှိရသည်။                              

သတင်းစဉ်