ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အကျဘက်ကို ဦးတည်လာ၍ ဂျပန်နိုင်ငံမှာ ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်မှုကို ဖြေလျှော့

 

ဂျပန်နိုင်ငံမှာ       လူမှုဝေးကွာစည်းမျဉ်းတွေကို လိုက်နာနေသရွေ့   ကိုဗစ်-၁၉   ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ ပါးစပ်၊ နှာခေါင်းစည်းတွေတပ်ဆင်ဖို့ မလိုတော့ဘူးလို့   ဂျပန်ထိပ်တန်းအစိုးရ  ပြောရေး ဆိုခွင့်ရှိသူက မေ ၁၁ ရက်က ပြောကြားလိုက်ပါတယ်။ ဒါပေမယ့်လည်း   ဒါဟာဂျပန်နိုင်ငံမှာ   ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေ  ကျဆင်းသွားပြီလို့  ပြောလို့ မရသေးပါဘူး။  ဂျပန်နိုင်ငံရဲ့  တချို့ဒေသတွေမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေဟာ ဆက်လက်မြင့်တက်လျက်ရှိနေပါသေးတယ်။ 

 


ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်တာကိုဖြေလျှော့


နွေဦးရာသီ     အားလပ်ရက်ကုန်ဆုံးသွားပြီး နောက်မှာ  ဒီလို ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားမှုတွေ သိသိသာသာ       ဆက်လက်မြင့်တက်လာတာကို တွေ့မြင်ရပါတယ်။   မေ  ၁၁ ရက်က ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ ၄၆၀၀၀ ရှိတယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့သီတင်းပတ်    အလားတူရက်ကထက် ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားသူ  ၁၉၀၀၀ ပိုတိုး လာတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံ တောင်ပိုင်းခရိုင်များ ဖြစ်တဲ့ အိုကီနာဝါနဲ့  မီရာဆာကီတို့မှာ  နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အမြင့်ဆုံးဖြစ်ပါတယ်။

 


ဂျပန်နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် အကြံပေးအဖွဲ့က  ကိုဗစ်-၁၉             ထပ်မံကူးစက်ဖြစ်ပွားမှုတွေဟာ အခုတော့  အကျဘက်ကို  ရောက်ရှိလာပြီလို့ပြောပါ တယ်။ ဒါကြောင့်အခုဆိုရင်  ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်တာကို ဖြေလျှော့ပေးလိုက်တာဖြစ်ပါတယ်။

 

အပူချိန်မြင့်လာချိန်မှာ      ပါးစပ်၊  နှာခေါင်းစည်း တပ်ဆင်ဖို့မလို 

 

ဂျပန်နိုင်ငံမှာ   မာကျူရီနဲ့   စိုထိုင်းမှုတွေ မြင့်တက်လာချိန်မှာ    အစိုးရအဖွဲ့အတွင်းရေးမှူး ဟီရိုကာဇူမက်ဆုနိုက ပါးစပ်၊ နှာခေါင်းစည်းတွေကို အပြင်ဘက်တွေမှာ      တပ်စရာမလိုတော့ဘူးလို့ ပြောလိုက်ပါတယ်။ ထို့အတူ  ဂျပန်နိုင်ငံမှာ  အပူ လျှပ်ခြင်းနဲ့  အပူနဲ့ဆက်စပ်တဲ့ဖျားနာမှုတွေလည်း တိုးလာနေပါတယ်။ 

 


တစ်ဦးနဲ့တစ်ဦး    သတ်မှတ်ထားတဲ့   အကွာ အဝေးမှာနေနေသရွေ့ ပြည်သူတွေ ပါးစပ်၊ နှာခေါင်း စည်းတပ်ဆင်စရာမလိုပါဘူး။  အထူးသဖြင့် အခုလို အပူချိန်မြင့်မားလာပြီး စိုထိုင်းမှုတွေများလာချိန်မှာ မလိုပါဘူးလို့ မက်ဆုနိုက ပြောပါတယ်။

 


အန္တရာယ်ဖြစ်နိုင်ခြေရှိတယ် 


ကျွမ်းကျင်သူတွေကတော့   ဒါကို   အန္တရာယ် အများဆုံးဖြစ်နိုင်ခြေရှိတယ်လို့  ပြောကြားထားပါ တယ်။   ပြည်သူတွေ   တစ်ဦးနဲ့တစ်ဦး နီးကပ်စွာ စကားပြောဆိုဆက်ဆံမယ်ဆိုရင် ဒါဟာ ပြဿနာ ရှိလာပြီဖြစ်ပါတယ်။ သတ်မှတ်အကွာအဝေးအတိုင်း စကားပြောဆိုမှုမလုပ်နိုင်ဘူးဆိုရင် ပါးစပ်၊ နှာခေါင်း စည်းတပ်ဆင်တာ အကောင်းဆုံးပဲလို့ မက်ဆုနိုက ပြောပါတယ်။ 
ဂျပန်ထိပ်တန်းအစိုးရ ပြောရေးဆိုခွင့်ရှိသူက အစိုးရရဲ့ကိုဗစ်-၁၉ ဆန့်ကျင်ရေးဆောင်ရွက်ချက် တွေအပေါ်   ပြန်လည်သုံးသပ်မှုတွေ   ဆက်လက် လုပ်ဆောင်သွားမယ်လို့လည်းပြောပါတယ်။

 


နိုင်ငံခြားသားဧည့်သည်တွေ ဝင်ရောက်ဖို့မျှော်လင့် 


ကိုဗစ်-၁၉         ကပ်ရောဂါ  အကျဘက်ကို ဦးတည်နေတဲ့အချိန်မှာ  တခြားအဓိကစီးပွားရေး တွေလည်း စည်းမျဉ်းစည်းကမ်းတွေနဲ့   လုံးလည် ချာလည်လိုက်နေသလို ပါးစပ်၊ နှာခေါင်းစည်းမဖြစ် မနေတပ်ဆင်ရမယ်ဆိုတဲ့       ပြဋ္ဌာန်းချက်မျိုးကလည်း စိတ်ရှုပ်စေပါတယ်။     ဂျပန်နိုင်ငံဟာ    အခုတော့ ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်မှုကို     ဖြေလျှော့ ပေးလိုက်တဲ့အတွက် ဇွန်လမှာ တစ်နေ့ကို နိုင်ငံခြားသား ဧည့်သည် ၂၀၀၀၀ လောက်ဝင်ရောက်ဖို့ မျှော်လင့် ထားပါတယ်။ 

 


အရင်က   ဂျပန်အစိုးရဟာ   နိုင်ငံခြားသား ဝင်ရောက်မှုအပေါ်      သူ့ရဲ့ပြည်ဝင်ခွင့်ပိတ်ပင် တားမြစ်မှုကာလတွေ  သတ်မှတ်လုပ်ဆောင်ခဲ့ဖူး ပါတယ်။ အခုတော့ အဲဒီစည်းကမ်းတွေကို အတိုင်း အတာတစ်ခုအထိ      ဖြေလျှော့လိုက်ပြီဖြစ်ပါတယ်။ နိုင်ငံခြားသားခရီးသွားတွေ  ပိုမိုတိုးတက်ဝင်ရောက် ဖို့ကိုလည်း ဂျပန်နိုင်ငံက မျှော်လင့်ထားပါတယ်။ 

 


ပြန်လည်သုံးသပ်နေ 


လက်ရှိမှာ   ဂျပန်နိုင်ငံကို  ဆိုက်ရောက်လာတဲ့ သူတွေကို  သီးသန့်ခွဲခြားစောင့်ကြည့်မှု  လုပ်သင့် မလုပ်သင့်နဲ့ ပတ်သက်ပြီးတော့လည်း  ပြန်လည် သုံးသပ်နေပါတယ်။ 

 


ဂျပန်နိုင်ငံဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ကိုဗစ်-၁၉ တစ်ကျော့ပြန်ကူးစက်ဖြစ်ပွားမှုကို   ရင်ဆိုင်ခဲ့ရပါ တယ်။ အဲဒီတုန်းက ဂျပန်အစိုးရဟာ နိုင်ငံခြားသား ဝင်ရောက်မှုအပေါ်        သူ့ရဲ့ပြည်ဝင်ခွင့်ပိတ်ပင် တားမြစ်မှုကာလကို     ဖေဖော်ဝါရီလကုန်အထိ  ထပ်တိုးလိုက်ပါတယ်။   ဒါဟာ  နိုင်ငံ့အစိတ်အပိုင်း အတော်များများမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု မြင့်တက်လာပြီးတဲ့နောက်မှာ  အခုလို  ပြည်ဝင်ခွင့် ပိတ်ပင်တားမြစ်မှုကာလကို  တိုးလိုက်တာပဲဖြစ် ပါတယ်။

 


ပြည်ဝင်ခွင့်တားမြစ်မှုကာလကို      အိုမီခရွန် ကူးစက်ဖြစ်ပွားနေတဲ့       နိုင်ငံခြားတိုင်းပြည်များမှ ပြန်လည်ဝင်ရောက်လာတဲ့     နိုင်ငံသားများကို     တင်းကျပ်တဲ့  ကွာရန်တင်းစည်းမျဉ်းတွေသတ်မှတ် ပြဋ္ဌာန်းထားမှုနဲ့အတူ နိုဝင်ဘာ  ၃၀ ရက်က  စတင်ခဲ့ တာဖြစ်ပါတယ်။

 


တိုးမြှင့်ကာလကို    ကြေညာလိုက်ခြင်းနဲ့အတူ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ   ကိစ္စရပ် တွေနဲ့ နိုင်ငံအကျိုးစီးပွားကို နောက်ထပ်ထည့်သွင်း စဉ်းစားခဲ့ပါတယ်။ 

 


ကန့်သတ်ချက်တွေ ချမှတ်ဆောင်ရွက်ခဲ့ 


အစိုးရဟာ အိုကီနာဝါ၊ ယာမာဂူချီနဲ့ ဟီရိုရှီးမား ခရိုင်တွေမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေကို တားဆီးဖို့  တစ်စိတ်တစ်ပိုင်းကန့်သတ်ချက်တွေ ချမှတ်အကောင်အထည်ဖော်ခဲ့ပါတယ်။  

 


တောင်ဘက်အကျဆုံး အိုကီနာဝါဟာ ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားမှု နောက်ဆုံးဗဟိုချက်နေရာ ဖြစ်လာခဲ့ပါတယ်။   နေ့စဉ်   ကိုဗစ်-၁၉   ကူးစက် ဖြစ်ပွားမှုဟာ    ၁၇၀၀    ကျော်ရှိလာခဲ့ပါတယ်။ ဒီပမာဏဟာ     ဒီနှစ်   ပထမဆုံးရက်မှာ     ကူးစက် ဖြစ်ပွားတဲ့ ပမာဏထက် သုံးဆလောက်ပိုများခဲ့ပါ တယ်။ 

 


တိုကျိုအစိုးရဟာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားတဲ့လက္ခဏာမရှိသော်လည်း ကိုဗစ်-၁၉ စစ်ဆေးချင်တဲ့ ဘယ်သူ့ကိုမဆို  ကိုဗစ်-၁၉  စစ်ဆေးမှုတွေ   အခမဲ့ လုပ်ဆောင်ဖို့  ကမ်းလှမ်းခဲ့ပါတယ်။  သက်ဆိုင်ရာ အာဏာပိုင်တွေက တိုကျိုမြို့ဟာ အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားတဲ့ ပထမဆုံးနေရာဖြစ်လာတယ်လို့ ဖော်ပြပြီးတဲ့နောက်မှာ   အဲဒီလှုပ်ရှားမှုကို စတင် လုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။ 

 


ကိုဗစ်-၁၉ ကန့်သတ်ချက်တွေ 
ထပ်မံဖြေလျှော့ပေးမယ် 


ကျန်းမာရေးအခြေအနေ၊  အသက်အရွယ် သို့မဟုတ်     ဘေးထွက်ဆိုးကျိုးကိုကြောက်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးတဲ့သူတွေကိုလည်း အခမဲ့ ကိုဗစ်-၁၉ စစ်ဆေးမှုတွေလုပ်ဆောင်ပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။

 


ဂျပန်ဝန်ကြီးချုပ်  ဖူမီယိုကီရှီးဒါးက   လန်ဒန် ခရီးစဉ်အတွင်းမှာ ဂျပန်နိုင်ငံဟာ  သူ့ရဲ့  ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး   ဆောင်ရွက်ချက်တွေကို ပြန်လည်သုံးသပ်နေတယ်လို့    ပြောခဲ့ပါတယ်။ အဲဒီနောက်မှာ   ကိုဗစ်-၁၉  အကြံပေးအဖွဲ့နဲ့ တိုင်ပင်ပြီး ကန့်သတ်ချက်တွေ  ဖြေလျှော့ဖို့ စီစဉ် သွားမှာဖြစ်ပါတယ်။ ဒါမှသာ ဂျပန်နိုင်ငံကို လွယ်ကူစွာ ဝင်ရောက်သွားလာနိုင်မှာ ဖြစ်ပါတယ်။ 


 ကိုးကား - ဆင်ဟွာ