ကိုဗစ်-၁၉ ကပ်ရောဂါကို ထိန်းချုပ်နိုင်ရန် ဂျပန်အစိုးရ  တစ်စိတ်တစ်ပိုင်း အရေးပေါ်ကြေညာချက်ကို  ထပ်မံလွှမ်းခြုံဖြန့်ကြက်သွားမည် 


 

တိုကျို ဇန်နဝါရီ ၂၅ 
ကိုဗစ်-၁၉ ကပ်ရောဂါကို ထိန်းချုပ်နိုင်ရန်အတွက် ဂျပန်အစိုးရသည် တစ်စိတ်တစ်ပိုင်း အရေးပေါ်ကြေညာချက်တစ်ရပ်ကို သက်တမ်းထပ်မံ တိုးမြှင့်သွားမည်ဖြစ်သည်။ 
ဇန်နဝါရီ ၂၅ ရက်က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၆၀၀၀၀ ကျော်ရှိကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက အတည်ပြုခဲ့သည်။ အဆိုပါပမာဏသည်  စံချိန်တင်ရလောက်အောင် မြင့်တက်လာသည့် ပမာဏဖြစ်သည်။  ၎င်းတို့ထဲမှ  ၄၄၄ ဦးသည် စိုးရိမ်ရသောအခြေအနေ တွင်ရှိကာ ယမန်နေ့ထက် ငါးဦးပိုလာခဲ့သည်။  ဂျပန်နိုင်ငံ၏ ခရိုင် ၄၇ ခုအနက်  တိုကျိုအပါအဝင် ထက်ဝက်ကျော်ခန့်မှာ  ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုများ  မြင့်တက်လျက်ရှိသည်။  တစ်စိတ်တစ်ပိုင်း အရေးပေါ် ကြေညာချက်ကို အိုဆာကာ၊ ကျိုတိုနှင့် ဟော့ကိုင်းဒိုး အပါအဝင် ခရိုင် ၁၈ ခု၌ ဖေဖော်ဝါရီ ၂၀ ရက်အထိ  ထပ်မံ လွှမ်းခြုံဖြန့်ကြက်သွားမည်ဖြစ် ကြောင်း သိရသည်။                         ဆင်ဟွာ