ကိုဗစ် - ၁၉ ကပ်ရောဂါကာကွယ်ဆေး ရှေ့ဆောင်တီထွင်သူ သိပ္ပံပညာရှင်နှစ်ဦး နိုဘယ်ဆု ချီးမြှင့်ခံရ

 

စတော့ဟုမ်း  အောက်တိုဘာ  ၃


ကပ်ရောဂါခြိမ်းခြောက်မှုကို တွန်းလှန်ပြောင်းလဲစေခဲ့သည့်  ရှေ့ဆောင်တီထွင်တွေ့ရှိချက်များကြောင့် သိပ္ပံ ပညာရှင်နှစ်ဦးကို ဆေးပညာဆိုင်ရာ  နိုဘယ်ဆုချီးမြှင့်ပေးခဲ့ကြောင်း  နိုင်ငံတကာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ 


ကာတာလင်  ကာရီကိုနှင့် ဒရူး  ဝစ်မန်းတို့ကို ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေးထုတ်လုပ်နိုင် ရန်အတွက် အခြေခံလုပ်ငန်းများ ချမှတ်နိုင်ခဲ့သော ကြောင့်  အောက်တိုဘာ ၂ ရက်တွင်  နိုဘယ်ဆု ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 


သန်းနှင့်ချီသောအသက်များကို ကယ်တင်နိုင်ခဲ့


နိုဘယ်ဆုရှင်များအနေဖြင့် သမိုင်းတစ်လျှောက် လူသားများ၏   ကျန်းမာရေးကို    အဆိုးရွားဆုံး ခြိမ်းခြောက်မှုများထဲမှတစ်ခုနှင့်  ရင်ဆိုင်နေရချိန် အတွင်း ကိုဗစ်ကာကွယ်ဆေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း ကို  ပံ့ပိုးပေးခဲ့သည်ဟု  နိုဘယ်ဆုရှင်ရွေးချယ်ရေးအဖွဲ့ဝင်များက  ပြောသည်။ ထို့အပြင် ၎င်းတို့သည် သန်းနှင့်ချီသော  အသက်များကို  ကယ်တင်နိုင်ခဲ့ ကြောင်း၊  ဆိုးရွားသော  ကိုဗစ်-၁၉  ကပ်ရောဂါ ဖြစ်ပွားမှုကို တားဆီးကာကွယ်နိုင်ခဲ့ကြောင်း၊ ရောဂါ ဖြစ်ပွားမှု ဝန်ထုပ်ဝန်ပိုးကို  လျှော့ချနိုင်ခဲ့ကြောင်းနှင့် လူမှုအဖွဲ့အစည်းကိုလည်း ပြန်လည်ဖွင့်လှစ်ပေးနိုင် ခဲ့ကြောင်း  စတော့ဟုမ်းမြို့အနီး  ကာရိုလင်စကာ အင်စတီကျုမှ နိုဘယ်ဆုချီးမြှင့်ရေးအဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးဖြစ်သော  ရစ်ကာ့ဒ် ဆန်းဘာ့ဂ်က ပြောသည်။ 


messenger RNA မော်လီကျူးများကို ဖန်တီးနိုင်ခဲ့


ကာတာလင် ကာရီကိုနှင့် ဒရူး ဝစ်မန်းတို့သည် messenger RNA ကာကွယ်ဆေးဟု လူသိများကြ သော မော်လီကျူးများကိုလည်း ဖန်တီးနိုင်ခဲ့ကြောင်း နှင့်  ထိုကဲ့သို့  မော်လီကျူးများက  ရောဂါကူးစက် ဖြစ်ပွားမှုကို ကာကွယ်ရာတွင်  ဆဲလ်များကို ပံ့ပိုး ပေးကြောင်း သိရသည်။ 


ကင်ဆာနှင့် အသက်ဆုံးရှုံးနိုင်သော 
အခြားရောဂါများကို ကာကွယ်နိုင်မည်ဟုမျှော်လင့်


တစ်ချိန်ချိန်တွင် ထိုကဲ့သို့ ကာကွယ်ဆေးများက ကင်ဆာနှင့် အသက်ဆုံးရှုံးနိုင်သော အခြားရောဂါ များကို   ကာကွယ်ဟန့်တားရာတွင်လည်း ကူညီပေး နိုင်မည်ဟု   မျှော်လင့်ကြောင်း   ၎င်းတို့က   ပြော သည်။          

အင်န်အိတ်ချ်ကေ