ကိုဗစ်-၁၉ ကန့်သတ်ချက်များကို အင်ဒိုနီးရှားတင်းကျပ်

ဂျကာတာ ဇွန် ၂၂

 

အင်ဒိုနီးရှားအစိုးရက လတ်တလော ကိုဗစ်-၁၉ ကူးစက်မှုတိုးလာ ခြင်းကို တုံ့ပြန်သည့်အနေဖြင့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ဆိုင်ရာ ကန့်သတ်ချက်များကို တင်းကျပ် လိုက်ကြောင်း သိရသည်။ အရှေ့တောင်အာရှ နိုင်ငံ တစ်နိုင်ငံဖြစ်သော အင်ဒိုနီးရှား နိုင်ငံ၌ နေ့စဉ် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူပေါင်း ၂ဝဝဝ အောက် ကျဆင်းခဲ့သော်လည်း ယခုလတွင် အနည်းငယ် ပြန်လည်တိုးလာ ခဲ့သည်။ အခုလို ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှု များလာခြင်းသည် လွန်ခဲ့သောလ အားလပ်ရက်များ အတွင်း ပြည်သူများ ခရီးသွားလာ ကြခြင်းကြောင့် ဖြစ်သည်။ ထို့အပြင် ဒယ်လ်တာ ကိုဗစ်-၁၉ မျိုးစိတ်သစ်ကြောင့်လည်း နိုင်ငံ အတွင်း ကိုဗစ်-၁၉ ကူးစက်မှု များလာကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။ ဇွန် ၂၂ ရက်မှစကာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု တိုးလာသည့် ဒေသများတွင် လူဦးရေ ၇၅ ရာခိုင် နှုန်းကို မိမိတို့နေအိမ်၌သာ အလုပ် လုပ်စေသည်။ မြို့တော် ဂျကာတာရှိ တချို့ ဒေသများတွင် ပြည်သူများကို မလိုအပ်ဘဲ အပြင်မထွက်ရန် နှင့် နေအိမ်များ၌သာ နေထိုင်ရန် တာဝန်ရှိသူများက တိုက်တွန်း ထားသည်။ အင်န်အိတ်ချ်ကေ