
ရန်ကုန် နိုဝင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်သုံးခုကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များ နှင့်အညီ ဝန်ဆောင်မှုပေးသည့် ဟိုတယ်များအဖြစ် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်က အသိ အမှတ်ပြုတံဆိပ်ပြားများ နိုဝင် ဘာ ၁၇ ရက်က ပေးအပ်သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးလှစိုးနှင့် တာဝန်ရှိသူများက ဗဟန်းမြို့နယ်ရှိ Yangon Bouti-que ဟိုတယ်၊ မရမ်းကုန်းမြို့နယ်ရှိ Mercure ဟိုတယ်နှင့် တာမွေမြို့ နယ် Chatrium ဟိုတယ်များတွင် ကိုဗစ် - ၁၉ ရောဂါကာကွယ် ရေး လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီးနောက် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း နယ်ပယ်အတွက် ကျန်းမာရေး နှင့် ဘေးကင်းလုံခြုံရေး ဆိုင်ရာလိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများ (Enchant-ing Myanmar Health and Safety Protocol) အရ တိုင်းဒေသ ကြီးအဆင့် ကိုဗစ်-၁၉ ကူးစက် ရောဂါ ကာကွယ်ရေးနည်းလမ်း များနှင့်အညီ ဝန်ဆောင်မှုပေး သည့် ဟိုတယ်များအဖြစ် အသိ အမှတ်ပြုတံဆိပ်ပြား (Regional Level Plaque)များကို တိုင်းဒေသ ကြီးဝန်ကြီးချုပ်က ဟိုတယ် တာဝန်ရှိသူများထံ ပေးအပ်ခြင်း ဖြစ်သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများသည် Chat-rium ဟိုတယ်တွင် ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းရှင်များနှင့် လည်း တွေ့ဆုံပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်း၊ မြန်မာနိုင်ငံ ဟိုတယ် ဆိုင်ရာလုပ်ငန်းရှင်များ အသင်း (ရန်ကုန်ဇုန်) ဥက္ကဋ္ဌ ဦးတင်မြင့်၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင် များအသင်း(ရန်ကုန်ဇုန်)၊ မြန်မာ နိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက် မြှင့်တင်ရေးအသင်း၊ ပြည်တွင်း ဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှု အသင်းနှင့် မြန်မာနိုင်ငံ ခရီးသွားသယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင် များအသင်းတို့မှ တာဝန်ရှိသူများ က တိုင်းဒေသကြီးအတွင်း ခရီး သွားလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရန် တင်ပြ ဆွေးနွေးခဲ့ကြသည်။
ဆန်းကျော်ဦး (ပြန်/ဆက်)