ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ကျုံပျော်မြို့နယ်တွင် Sputnik Light ကာကွယ်ဆေးများ ထိုးနှံပေး

 

ကျုံပျော် ဖေဖော်ဝါရီ ၅


ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်တွင် ရုရှားနိုင်ငံထုတ် Sputnik  Light ကာကွယ် ဆေးများကို ဆေးထိုးစုရပ်ခြောက်ခု၌ ဖေဖော် ဝါရီ ၂ ရက်မှ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။  

 


ဆေးထိုးနှံရာသို့  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့    ဥက္ကဋ္ဌ  ဦးဇေယျမင်း၊   အဖွဲ့ဝင်(၁)ဗိုလ်မှူးသိန်းစိုးဝင်းနှင့် တာဝန်ရှိသူများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ဆေးထိုးကြီးကြပ်အဖွဲ့ များက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ သည်။

 


ကျုံပျော်မြို့နယ်တွင်  အဆိုပါ  Sputnik  Light    ကာကွယ်ဆေးများကို    ကိုဗစ်-၁၉ ကာကွယ်ဆေး   မထိုးနှံရသေးသူ   လူဦးရေ ၄၀၀၀ အား ထိုးနှံပေးခဲ့ပြီး ဆက်လက်၍လည်း ဆေးရရှိမှုအပေါ်    မူတည်၍   ထိုးနှံပေးမည် ဖြစ်ကြောင်း၊  Sputnik Light ကာကွယ်ဆေး သည် တစ်ကြိမ်သာထိုးနှံရန်လိုအပ်ပြီး ဆေး တစ်လုံးလျှင် လူငါးဦး ထိုးနှံ၍ရကြောင်းနှင့် ရောဂါကာကွယ်မှုနှုန်း     ကောင်းမွန်သည့် အတွက် ကာကွယ်ဆေးလွှမ်းခြုံမှုကို အချိန်တို အတွင်း   မြင့်မားစွာရရှိစေနိုင်ကြောင်း   သိရ သည်။

 


ကျုံပျော်မြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ပြည်သူ ၁၂၄၉၂၃ ဦးနှင့် ကျောင်းသားကျောင်းသူ ၇၀၆၄ ဦးတို့အား  ထိုးနှံပေးပြီးဖြစ်ကာ တစ်မြို့နယ်လုံး လွှမ်းခြုံ နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံမှုများကို  ဆက်လက်   ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။                

လပြည့်ဦး(ပြန်/ဆက်)