ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ (COVID-19 Vaccination Fund)သို့ လှူဒါန်းနိုင်ရန် အသိပေးကြေညာချက်

၁။     ကိုဗစ်-၁၉  ကာကွယ်ဆေးဝယ်ယူနိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ (COVID-19 Vaccination Fund)ကို မြန်မာ့စီးပွားရေးဘဏ်(နေပြည်တော်)တွင် အောက်ပါအတိုင်း ဖွင့်လှစ်ထားပါသည်-


    (က)     ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ(နိုင်ငံခြားငွေစာရင်းအမှတ် EDC 600012)။     ၎င်းစာရင်းတွင် နိုင်ငံတော်မှ မတည်ရန်ပုံငွေ ကျပ် ၃၃၈ ဘီလီယံခန့်နှင့်ညီမျှသော အမေရိကန် ဒေါ်လာ သန်း ၂၅၀ ကို ထည့်သွင်းထားပါသည်။


    (ခ)     ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ(မြန်မာကျပ်ငွေစာရင်းအမှတ် OA 013733)။
        ၎င်းစာရင်းတွင် နိုင်ငံတော်မှမတည်ရန်ပုံငွေ ကျပ် သန်း ၁,၀၀၀ ကို  ထည့်သွင်းထားပါသည်။


၂။    သို့ဖြစ်ပါ၍  ကာကွယ်ဆေးဝယ်ယူရေးအတွက်  ပြည်တွင်း/ပြည်ပမှ  ပါဝင်လှူဒါန်းလိုကြသော ပြည်သူများ၊ အဖွဲ့အစည်းများအနေဖြင့် မြန်မာ့စီးပွားရေးဘဏ်(နေပြည်တော်)ရှိ  ကိုဗစ်-၁၉ ကာကွယ် ဆေးဝယ်ယူရရှိရေးရန်ပုံငွေ (နိုင်ငံခြားငွေစာရင်းအမှတ် EDC 600012)သို့ မည်သည့် နိုင်ငံခြားငွေအမျိုး အစားကိုမဆို ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ (မြန်မာ ကျပ်ငွေစာရင်းအမှတ် OA 013733)သို့ မြန်မာကျပ်ငွေဖြင့် လှူဒါန်းနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါ သည်။


၃။    လှူဒါန်းသူများအနေဖြင့် ပြည်တွင်းနေရာဒေသအသီးသီးရှိ မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများ နှင့် အခြားပြည်တွင်းပုဂ္ဂလိကဘဏ်အသီးသီးတို့တွင် အထက် အပိုဒ် ၁ (က)နှင့် (ခ)ပါ ငွေစာရင်းအမှတ် များကို ဖော်ပြလှူဒါန်းနိုင်ပါသည်။


၄။    အလှူရှင်စာရင်းကို မှတ်တမ်းထားရှိနိုင်ရန်အတွက် လှူဒါန်းသူများအနေဖြင့် အလှူရှင်အမည်၊    ဖုန်းနံပါတ်၊ နေရပ်လိပ်စာတို့ကို  ပြည့်စုံစွာဖော်ပြပေးပါရန်နှင့်        အလှူငွေများထည့်သွင်းပြီးပါက   email:   treasury05@365mopf.gov.mm, treasury10@365mopf.gov.mm သို့ အလှူငွေပေးသွင်းထား သည့် အထောက်အထားများကို ပေးပို့စေလိုပါသည်။


၅။    လှူဒါန်းလိုသူများအနေဖြင့် အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်စုံစမ်းမေးမြန်းလှူဒါန်းနိုင်ပါသည်။
    ညွှန်ကြားရေးမှူးချုပ်    ၀၆၇-၃၄၁၀၁၅၆
    ငွေတိုက်ဦးစီးဌာန    ၀၉-၄၅၀၄၅၅၂၃၇
    ဒုတိယညွှန်ကြားရေးမှူးချုပ်    ၀၆၇-၃၄၁၀၁၅၈
    ငွေတိုက်ဦးစီးဌာန    ၀၉-၂၅၄၅၅၈၄၂၄

 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန