ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးနှံမှု ဆက်လက်ခံယူရန် ဘရာဇီးသမ္မတ တိုက်တွန်း

ရီယိုဒီဂျနေးရိုး  မေ  ၆


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကိုဗစ်-၁၉မှာ အပြည်ပြည်ဆိုင်ရာမှ စိုးရိမ်ရသည့် ပြည်သူ့အရေးပေါ် ကျန်းမာရေးအခြေအနေမဟုတ်တော့ဟု ကြေညာထားသော်လည်း  ဘရာဇီးပြည်သူများအနေဖြင့်   ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးနှံမှု   ဆက်လက်ခံယူရန်အတွက်  ဘရာဇီးသမ္မတ လူအီးဇ်အန်နာစီယို လူလာဒါဆေးလ်ဗားက မေ ၅ ရက်တွင် တိုက်တွန်း ပြောကြားခဲ့သည်။ 
အရေးပေါ်အခြေအနေကာလ      ပြီးဆုံးသွားပြီဖြစ်သော်လည်း  ကပ်ရောဂါကြီးမှာ    အဆုံးသတ်သွားခြင်းမရှိသေးချေ။  

 

 ထို့ကြောင့်   ထပ်ဆောင်းကာကွယ်ဆေးများထိုးနှံပြီး  ကာကွယ်ဆေးထိုးနှံမှုခံယူ ရမည့်အချိန်အတိုင်း ပြီးစီးအောင်ထိုးနှံကြရန် ၎င်းက တိုက်တွန်းထား သည်။ သုံးနှစ်ကြာပြီးနောက် ကိုဗစ် -၁၉ အရေးပေါ်အခြေအနေမှ လွတ်မြောက်လာခဲ့ပြီဟု ၎င်းကပြောသည်။ 

 


သို့သော်လည်း  ကံမကောင်းစွာပင် ဘရာဇီး၌  ကိုဗစ်-၁၉ကြောင့်  လူပေါင်း  ၇၀၀၀၀၀ ကျော် သေဆုံးခဲ့ရသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ   ဘရာဇီးတွင်   ကိုဗစ်-၁၉ ကူးစက်ခံရသူ  ၇၀၁၄၉၄  ဦးရှိသည်ဟု သိရသည်။ လက်ရှိအစိုးရသည် ပြည်သူများ၏ အသက်ဘေးကို ကာကွယ်စောင့်ရှောက်သွားမည်ဟုလည်း သမ္မတက  ပြောသည်။                                                                            
ဆင်ဟွာ