
ဝါရှင်တန် ဇွန် ၂၂
အမေရိကန် ပြည်ထောင်စုက ကိုဗစ် -၁၉ ကာကွယ်ဆေး ၅၅ သန်း မျှဝေမည့် အစီအစဉ်နှင့် ပတ်သက်၍ ဇွန် ၂၁ ရက်တွင် အိမ်ဖြူတော်က ပြောကြားခဲ့ သည်။
ဖြန့်ဝေပေးမည့် ကိုဗစ် -၁၉ ကာကွယ်ဆေး ၅၅ သန်းတွင် ၄၁ သန်း ဝန်းကျင်ကို ကိုဗက် အစီအစဉ်မှတစ်ဆင့် မျှဝေပေး မည်ဖြစ်သည်။ လက်တင် အမေရိကနှင့် ကာရေဗီယန် ဒေသအတွင်း ကာကွယ်ဆေး ၁၄ သန်း၊ အာရှဒေသအတွက် ကာကွယ်ဆေး ၁၆ သန်းနှင့် အာဖရိကဒေသအတွက် ၁၀ သန်း နီးပါး မျှဝေပေးမည်ဟု အိမ်ဖြူ တော်က ထုတ်ပြန်ကြေညာ ခဲ့သည်။
ကျန်ရှိသည့်ကာကွယ်ဆေး ၁၄ သန်းကိုမူ အာဖဂန်နစ္စတန်၊ အီရန်၊ အနောက်ဘက်ကမ်းနှင့် ဂါဇာဒေသတို့ကဲ့သို့ ဒေသတွင်း ဦးစားပေး အစီအစဉ်အတွက် တိုက်ရိုက် မျှဝေပေးမည်ဖြစ် သည်။
ဆင်ဟွာ