
နေပြည်တော် ဩဂုတ် ၂၈
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများအား ပြည်ပမှ စဉ်ဆက် မပြတ် တင်သွင်းနိုင်ရေးအတွက် ပိတ်ရက်မရှိ စီစဉ် ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂၈ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းများ နှင့် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ တာချီလိတ် ကုန်သွယ်ရေးစခန်း လေးခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ ကိုးခုမှ ယာဉ်စီးရေ ၂၂ စီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်လေးစီးဖြင့် ၇၄ တန်၊ အောက်ဆီဂျင်(အိုးခွံ) ၆၂၀၀၊ အောက်ဆီဂျင် Plant ၂၁ ခု၊ Oxygen Generator နှစ်ခု၊ အိမ်သုံး Oxygen Concentrator ၇၅၉ ခု၊ PPE ဝတ်စုံ ၂၀၆၃၀၊ လက်အိတ် နှစ်တန်နှင့် နှာခေါင်းစည်း ၄၉ တန် တင်သွင်းခဲ့သည်။ အောက်ဆီဂျင်အရည် (Bowser) ယာဉ်လေးစီးမှာ မန္တလေးမြို့သို့ ဖြစ်ပြီး Oxygen Plant ၂၁ ခုမှာ ရန်ကုန်မြို့သို့ ဖြစ်ကြောင်း သိရသည်။
သြဂုတ်လအတွင်း ယာဉ်စီးရေ ၁၃၅၉ စီးဖြင့် အောက်ဆီဂျင်အရည်(Bowser) ယာဉ်ဖြင့် ၁၅၃၁ တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်)တန် ၃၆၀၊ အောက်ဆီဂျင်ဓာတ်ငွေ့ (အိုးဖြင့်) ၇၄ တန်၊ Storage Container ၁၆ ခု၊ အောက်ဆီဂျင် (အရည်) Distributor ကိုးခု၊ အောက်ဆီဂျင် (အိုးခွံ) ခုရေ ၁ ဒသမ ၈ သိန်း၊ Oxygen Plant ၈၂ ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် သုံးခု၊ Oxygen Generator ၂၂ ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) ခုရေ သုည ဒသမ ၉ သိန်း၊ Test Kit ခုရေ ၁ ဒသမ ၉ သိန်း ၊ PPE အစုံရေ ၇ ဒသမ ၆ သိန်း ၊ လက်အိတ် ၁၀၃ တန်နှင့် နှာခေါင်းစည်း ၁၇၆၁ တန် တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။
သြဂုတ်လအတွင်း ပြည်ပမှတင်သွင်းလာသည့် အောက်ဆီဂျင်အရည်(Bowser)ယာဉ် စုစုပေါင်း ၆၈ စီးမှာ ရန်ကုန်မြို့သို့ ၅၄ စီး ၊ မန္တလေးမြို့သို့ ငါးစီး၊ နေပြည်တော် သုံးစီး၊ မော်လမြိုင် နှစ်စီး၊ ပဲခူး နှစ်စီး၊ မုံရွာနှင့် သံဖြူဇရပ် တစ်စီး စီဖြစ်ကြောင်း သိရသည်။ Oxygen Plant စုစုပေါင်း ၈၂ ခုမှာ ရန်ကုန်မြို့သို့ ၄၁ ခု၊ မန္တလေးမြို့သို့ ခုနစ်ခု၊ လားရှိုး လေးခု၊ပဲခူး လေးခု၊ မြစ်ကြီးနား လေးခု၊ ကျောက်ပန်းတောင်း သုံးခု၊ မုံရွာ နှစ်ခု၊ ပခုက္ကူ နှစ်ခု၊ ဘားအံ နှစ်ခု၊ မော်လမြိုင်၊ တောင်ကြီး၊ နေပြည်တော်၊ မြစ်သား၊ မိုးကောင်း၊ မကွေး၊ မြင်းခြံ၊ ကျောက်တံခါး၊ ဝါးခယ်မ၊ သံဖြူဇရပ်၊ ထားဝယ်၊ ကွမ်းခြံကုန်း၊ စစ်တွေသို့ တစ်ခုစီ ဖြစ် ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေး ဆိုင်ရာပစ္စည်းများကို ပြည်ပမှ တင်သွင်းရာတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြု ဆောင်ရွက်ပေးလျက်ရှိပြီး ဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person)များကိုလည်း ဝန်ကြီး ဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထား ကြောင်း သိရသည်။
သတင်းစဉ်