ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှ တင်သွင်းရာတွင်  နှောင့်နှေးကြန့်ကြာမှုမရှိစေရေးအတွက် ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိ


 

နေပြည်တော်   ဩဂုတ်   ၂၄


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်  ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာပစ္စည်းများကို ပြည်ပမှ တင်သွင်းရာတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် သက်ဆိုင်ရာဌာန များနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ အများပြည်သူရုံးပိတ်ရက်များတွင်လည်း ဦးစားပေးတင်သွင်း ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 
ထိုသို့     ဆောင်ရွက်လျက်ရှိရာ     ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ    Oxygen Concentrator ၁၇ ခု၊      Oxygen Plant နှစ်ခု၊ အောက်ဆီဂျင်(အိုးခွံ) ၁၄၉  အိုး၊   နှာခေါင်းစည်း (Mask) ၁၅ တန်နှင့်  ပင်လယ်ဆိပ်ကမ်းမှ Oxygen Concentrator  ၁၁၄၁ ခုအပါအဝင် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်၊  ကန်ပိုက်တီး၊   ထီးခီး၊   တာချီလိတ်၊ ကော့သောင်းကုန်သွယ်ရေးစခန်းများမှ အောက်ဆီ ဂျင် (အရည်) Bowser ယာဉ်သုံးစီးဖြင့် တန် ၆၀၊ အောက်ဆီဂျင်  (အရည်)   အိုးဖြင့်    လေးတန်၊ အောက်ဆီဂျင် (အိုးခွံ) ၅၁၉၁ ခု၊   Oxygen Plant ခုနစ်ခု၊    အိမ်သုံးအောက်ဆီဂျင်စက်     (Oxygen Concentrator)  ၂၂၆၅ ခု၊  PPE ဝတ်စုံ ၁၀၀၀ ၊ နှာခေါင်းစည်း (Mask) ၆၉ တန် တင်သွင်းနိုင်ခဲ့သည်။ တင်သွင်းခဲ့သည့်    အောက်ဆီဂျင်အရည်(Bowser) ယာဉ်သုံးစီးမှာ    ရန်ကုန်မြို့သို့ဖြစ်ပြီး    Oxygen Plant ခုနစ်ခုမှာ မြစ်ကြီးနားမြို့သို့ လေးခု၊ ရန်ကုန်မြို့ သို့ နှစ်ခုနှင့်  ကွမ်းခြံကုန်းမြို့သို့   တစ်ခုဖြစ်ကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့်  ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ် ကုသရေးပစ္စည်းများ    တင်သွင်းရာတွင်    လွယ်ကူ မြန်ဆန်စေရေးအတွက်     သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသလို  အကူအညီလိုအပ် ပါကလည်း    သက်ဆိုင်ရာ     တာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက်    ဌာနများ အလိုက်   ဆက်သွယ်မေးမြန်းနိုင်သည့်   တာဝန်ခံ (Contact Person) များနှင့် အသိပေးကြေညာချက် များကိုလည်း     ဝန်ကြီးဌာန Website ဖြစ်သည့် Commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း  သိရသည်။ 
သတင်းစဉ်