
နေပြည်တော် ဩဂုတ် ၁၅
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်- ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာပစ္စည်းများကို ပြည်ပမှ နှောင့်နှေးကြန့်ကြာ မှုမရှိဘဲ တင်သွင်းနိုင်ရေးအတွက် အများပြည်သူ ရုံးပိတ်ရက်များအဖြစ် သတ်မှတ်ကြေညာထားသည့် ဩဂုတ် ၁၆ ရက် မှ၂၂ ရက် အတွင်း နယ်စပ်ကုန်သွယ် ရေးစခန်းများ၌ အလုပ်တာဝန်များ ရပ်ဆိုင်းထားခြင်း မရှိဘဲ ပုံမှန်အတိုင်း ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ကုန်သွယ်ရေး ဦးစီးဌာန(ရုံးချုပ်) ပို့ကုန်သွင်းကုန်လုပ်ငန်း ဌာနခွဲနှင့် ပို့ကုန်သွင်းကုန်ရုံး(ရန်ကုန်)တို့မှ အွန်လိုင်းစနစ်ဖြင့် ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားမှုများကိုလည်း ရုံးချိန်အတွင်းပုံမှန်အတိုင်း ခွင့်ပြုဆောင်ရွက်ပေး လျက်ရှိသည်။
အများပြည်သူရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ် အဆင်ပြေချောမွေ့စွာတင်သွင်းနိုင် ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၁၅ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Oxygen Concentrator ၁၄၆၇ ခု အပါအဝင် ချင်းရွှေဟော်၊ မြဝတီ ၊ ထီးခီး ကုန်သွယ်ရေးစခန်းများမှ အောက်ဆီဂျင် (အရည်) Bowser ယာဉ်တစ်စီးဖြင့် တန် ၂၀ ၊ အောက်ဆီဂျင်(အရည်) အိုးဖြင့် ကိုးတန်၊ အောက်ဆီဂျင်အိုး(အခွံ) ၁၆၉၀၊ အိမ်သုံးအောက်ဆီ ဂျင်စက် (Oxygen Concentrator) ၂၀၅၆ ခု၊ PPE ဝတ်စုံ ၁၅၅၀၀ ၊ လက်အိတ် ၁၀ တန်နှင့် နှာခေါင်းစည်း (Mask) ၅၃ တန် တင်သွင်းနိုင်ခဲ့သည်။ အထက်ပါ ပစ္စည်းများအား ကုမ္ပဏီ ၁၃ ခုမှ ယာဉ်စီးရေ ၃၂ စီး ဖြင့် တင်သွင်းခဲ့ခြင်းဖြစ်သည်။
သြဂုတ်လအတွင်း ယာဉ်စီးရေ ၈၃၅ စီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်ဖြင့် ၇၆၂ တန်၊ အောက်ဆီဂျင်(အရည်)အိုးဖြင့် တန် ၁၈၀ ၊ အောက်ဆီဂျင်(ဓာတ်ငွေ့)အိုးဖြင့် ၇၂တန်၊ အောက်ဆီ ဂျင် (အရည်)Storage Container ခုနစ်ခု၊ အောက်ဆီ ဂျင် (အရည်) Distributor ခြောက်ခု၊အောက်ဆီဂျင် (အိုးခွံ) ၁၀၁၂၉၁ ခု၊ Oxygen Plant ၂၂ ခု၊ အောက်ဆီ ဂျင်(Generator) ၁၀ခု၊ အိမ်သုံးအောက်ဆီဂျင် စက်(Oxygen Concentrator) ၇၂၅၆၀ ၊ Test Kit ၁၅၀၂၆၈ ခု၊ PPE ဝတ်စုံ ၄၈၈၅၁၂ စုံ၊ လက်အိတ် ၈၂ တန်နှင့် နှာခေါင်းစည်း (Mask) ၁၀၃၆ တန် တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။
၂၀၂၁ ခုနှစ် ဇူလိုင် ၁ ရက်မှ သြဂုတ် ၁၅ ရက် အထိ ပြည်ပမှ တင်သွင်းလာသည့် အောက်ဆီဂျင် အရည်(Bowser) ယာဉ် စုစုပေါင်း ၇၇ စီးမှာ ရန်ကုန် မြို့သို့ ၅၉ စီး ၊ မန္တလေးမြို့သို့ ၁၁ စီး၊ မော်လမြိုင်မြို့သို့ လေးစီး ၊ ပဲခူးမြို့သို့ နှစ်စီး ၊ သထုံမြို့သို့ တစ်စီး ဖြစ်ကြောင်း သိရသည်။ Oxygen Plant စုစုပေါင်း ၃၀ မှာ လားရှိုးမြို့သို့ ငါးခု ၊ ရန်ကုန်မြို့သို့ လေးခု၊ ပဲခူးမြို့သို့ လေးခု၊ မန္တလေးမြို့သို့ သုံးခု၊ ပခုက္ကူမြို့သို့ နှစ်ခု ၊ ဘားအံမြို့သို့ နှစ်ခု၊ မော်လမြိုင်မြို့သို့ နှစ်ခု၊ တောင်ကြီး၊ သံဖြူဇရပ်၊ မကွေး၊ ထားဝယ်၊ ဝါးခယ်မ၊ မြစ်သား၊ ကျောက်ပန်းတောင်းမြို့နှင့် မိုးကောင်းမြို့ များသို့ တစ်ခုစီဖြစ်ကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ် ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူ မြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသလို အကူအညီလိုအပ် ပါကလည်း သက်ဆိုင်ရာတာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် ဌာနများ အလိုက် ဆက်သွယ်မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person) များနှင့် အသိပေးကြေညာချက် များကိုလည်း ဝန်ကြီးဌာန Website ဖြစ်သည့် Commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင် ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရ သည်။
သတင်းစဉ်