
နေပြည်တော် ဩဂုတ် ၆
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ များအတွက် အရေးတကြီး လိုအပ် လျက်ရှိသော ကိုဗစ် -၁၉ ရောဂါ ကာကွယ် ကုသရေးဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ပြည်ပမှ ပင်လယ်ရေကြောင်း၊ လေကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေစခန်း များမှ တင်သွင်းရာတွင် အဆင် ပြေ ချောမွေ့စေရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ ပေးခြင်း၊ သယ်ယူပို့ဆောင်ရေးနှင့် လုံခြုံရေးကိစ္စရပ်များ ကူညီ ဆောင်ရွက်ပေးခြင်း၊ သွင်းကုန် လိုင်စင် လျှောက်ထားခြင်းမှ ယာယီကင်းလွတ်ခွင့်ပြုပေးခြင်း များကို SOP နှင့်အညီ ပိတ်ရက်မရှိ နေ့စဉ်ကူညီဆောင်ရွက်ပေးလျက် ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသရေးဆေးဝါးနှင့် ဆက်စပ် ပစ္စည်းများကို အပြည်ပြည်ဆိုင်ရာ လေကြောင်း၊ ရေကြောင်းများ၊ တရုတ်နိုင်ငံ ကုန်သွယ်ရေးစခန်း များသာမက ထိုင်းနိုင်ငံ၊ အိန္ဒိယ နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်သွယ် ရေး စခန်းများမှ တင်သွင်းနိုင်ရေး သံတမန်လမ်းကြောင်းမှ ညှိနှိုင်း စီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ Oxygen Con-centrator ၃၃၈၉ ခု အပါအဝင် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်၊ ကော့သောင်း၊ ကန်ပိုက်တီး ကုန်သွယ်ရေး စခန်းများမှ အောက်ဆီဂျင်အရည် (Bowser) ယာဉ် ငါးစီးဖြင့် ၉၅ တန်၊ အောက် ဆီဂျင်အရည် (အိုးဖြင့်) သုံးတန်၊ အောက်ဆီဂျင်ဓာတ်ငွေ့ (အိုးဖြင့်) နှစ်တန်၊ အောက်ဆီဂျင် (အိုးခွံ) ၅၉၉၂ ခု၊ Oxygen Plant တစ်ခု၊ လုပ်ငန်းသုံး အောက်ဆီဂျင်စက် (Oxygen Generator) လေးခု၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) ၄၄၅၉ ခု၊ PPE ဝတ်စုံ ၃၆၈၈၀၊ လက်အိတ် (၀ ဒသမ ၀၄) တန်နှင့် နှာခေါင်း စည်း (Mask) ၅၄ တန် တင်သွင်း နိုင်ခဲ့သည်။ အထက်ပါပစ္စည်းများ အား ကုမ္ပဏီ ၃၃ ခုမှ ယာဉ်စီးရေ ၆၁ စီးဖြင့် တင်သွင်းခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
သြဂုတ်လအတွင်း ယာဉ်စီး ရေ ၃၅၀ ဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် ၃၂၄ တန်၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) ၄၄ တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့ အိုးဖြင့် ၅၃ တန်၊ အောက်ဆီဂျင် (အိုးခွံ) ၃၉၄၅၈ ခု၊ Oxygen Plant ငါးခု၊ အောက်ဆီဂျင် (Generator) ကိုးခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) ၃၈၀၉၉ ခု၊ Test Kit ၁၄၁၆၄၂ ခု၊ PPE ဝတ်စုံ ၂၃၁၉၀၂ စုံ၊ လက်အိတ် ၃၈ တန်နှင့် နှာခေါင်းစည်း (Mask) ၅၀၂ တန် တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။
ဇူလိုင်လအတွင်း ယာဉ်စီးရေ ၇၄၉ စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် ၇၂၇ တန်၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) ၅၆၇ တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့ (အိုးဖြင့်) ၁၁၄ တန်၊ အောက်ဆီ ဂျင် (အိုးခွံ) ၄၀၄၉၁ ခု၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) ၆၉၁၄၆ ခု၊ Oxygen Plant ရှစ်ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် လေးခု၊ Oxygen Generator ၁၁ ခု၊ Test Kit ၃၂၂၈၇၈ ခု၊ နှာခေါင်းစည်း (Mask) ၁၁၀၄ တန်၊ PPE ဝတ်စုံ ၁၈၂၉၇၅ စုံ တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ကူးစက် ရောဂါ ကာကွယ်ကုသရေး ပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန် နိုင်ရေးအတွက် သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသလို အကူအညီလိုအပ် ပါကလည်း သက်ဆိုင်ရာ ကုန်သွယ်ရေးစခန်းများမှ တာဝန် ရှိသူများထံ တိုက်ရိုက်ဆက်သွယ် နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရသည်။
သတင်းစဉ်