ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့နှင့် အိမ်သုံးအောက်ဆီဂျင်စက်များ တင်သွင်းခွင့်ပြုပေးလျက်ရှိ

 

နေပြည်တော်  ဇူလိုင်  ၂၃


နိုင်ငံတော်အတွင်း   ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊  ကုသရေး လုပ်ငန်းများအတွက်   အရေး တကြီး     လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်၊    ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ  ပြတ်လပ်မှု မရှိစေဘဲ အမြန်ဆုံးရောက်ရှိနိုင် ရေးအတွက် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊    ပင်လယ်ရေကြောင်း ဆိပ်ကမ်းများနှင့်          နယ်စပ် ကုန်သွယ်ရေးစခန်းများမှ အဆက် မပြတ်       တင်သွင်းခွင့်ပြုလျက် ရှိသည်။    


ကိုဗစ်-၁၉  ကူးစက်ရောဂါ ကာကွယ်ကုသရေး   ပစ္စည်းများ တင်သွင်းရာတွင်      ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့်  ထိုင်းနိုင်ငံဘက်မှ မြဝတီကုန်သွယ် ရေးဇုန်၊     တရုတ်နိုင်ငံဘက်မှ မူဆယ်  ကုန်သွယ်ရေးဇုန်တို့မှ အများဆုံးတင်သွင်းလျက်ရှိသည်။ 


တစ်နိုင်ငံလုံး     အတိုင်းအတာ ဖြင့် ကိုဗစ်-၁၉  ရောဂါကူးစက် ဖြစ်ပွားမှု       စတင်မြင့်တက်လာ သည့် ဇူလိုင် ၁၂ ရက်မှစ၍  ရောဂါ ကာကွယ်၊  ထိန်းချုပ်၊   ကုသရေး ဆိုင်ရာ   ဆေးဝါးနှင့် ဆက်စပ် ပစ္စည်းများကို ဦးစားပေးတင်သွင်း ခွင့်ပြုပေးလျက်ရှိရာ         အများ ပြည်သူအလုပ်ပိတ်ရက်ရှည်အဖြစ် သတ်မှတ်ထားသည့်        ကာလ အတွင်း၌လည်း          အဆင်ပြေ ချောမွေ့စွာ         တင်သွင်းနိုင်ရေး အတွက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများသည် ညှိနှိုင်းထား သည့် SOP များနှင့်အညီ လွယ်ကူ မြန်ဆန်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။ 


ဇူလိုင် ၂၃ ရက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ   လေဆိပ်မှ Oxygen  Concentrator   ၂၆၈၉ လုံး အပါအဝင် မူဆယ်၊ မြဝတီ၊ တာချီလိတ်၊ ထီးခီး၊ ချင်းရွှေဟော်၊ ကော့သောင်း ကုန်သွယ်ရေးစခန်း များမှ  အောက်ဆီဂျင်အရည် (Bowser)       ယာဉ်သုံးစီးဖြင့် ၄၈ တန်၊  အောက်ဆီဂျင်အရည် (အိုးဖြင့်)  ၂၁  တန်၊    အိမ်သုံး အောက်ဆီဂျင်စက်   (Oxygen Concentrator) ၄၁၀၃ ခု၊ Test Kit   ၁၂၃၅၀၊    နှာခေါင်းစည်း (Mask) ၇၅ တန် တင်သွင်းနိုင်ခဲ့ သည်။     အထက်ပါပစ္စည်းများ အား ကုမ္ပဏီ ၃၃ ခုမှ ယာဉ်စီးရေ ၅၂    စီးဖြင့်   တင်သွင်းလာခြင်း ဖြစ်သည်။


ကိုဗစ်-၁၉   ကူးစက်ရောဂါ ကာကွယ်ကုသရေး  ပစ္စည်းများ တင်သွင်းရာတွင်   နိုင်ငံတော်မှ ရောဂါထိန်းချုပ်မှုအတွက် ဦးစား ပေး   ဆောင်ရွက်လျက်ရှိသည့် ဇူလိုင် ၁၂ ရက်မှ ၂၃ ရက်အထိ မော်တော်ယာဉ် အစီး ၃၅၀ ဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် ၄၅၅ တန်၊ အောက်ဆီ ဂျင်အရည် (အိုးဖြင့်) ၂၆၈ တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့ (အိုးဖြင့်) ၆၂ တန်၊ အိမ်သုံးအောက်ဆီဂျင် စက် ၂၅၂၇၇  ခု၊ Test Kit အခု ၁၄၆၈၅၀၊  နှာခေါင်းစည်း (Mask) ၆၁၇ တန်  တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။


စီးပွားရေးနှင့်          ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေ ဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေး  ပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန် နိုင်ရေးအတွက် သက်ဆိုင်ရာဌာန များနှင့်   ပူးပေါင်းဆောင်ရွက်လျက် ရှိသလို  အကူအညီလိုအပ်ပါက လည်း သက်ဆိုင်ရာ   ကုန်သွယ် ရေးစခန်းများမှ တာဝန်ရှိသူများထံ တိုက်ရိုက်       ဆက်သွယ်နိုင်ရေး အတွက်   စီစဉ်ဆောင်ရွက်ပေး ထားကြောင်း သိရှိရသည်။ 


သတင်းစဉ်