ကိုဗစ် - ၁၉ စည်းကမ်းချက်ဖောက်ဖျက်မှုနှင့်ပတ်သက်၍ ဗြိတိန်ကျန်းမာရေးဝန်ကြီး ရာထူးမှ နုတ်ထွက်

လန်ဒန်   ဇွန်   ၂၇
ဗြိတိန်        ကျန်းမာရေးဝန်ကြီး မတ်ဟန်ကော့သည်   အစိုးရ၏ လူမှုဝေးကွာအစီအစဉ် ဖောက်ဖျက် မှုအတွက်  ဇွန် ၂၆ ရက်က   ရာထူး မှ     နုတ်ထွက်သည်ဟု   သိရ သည်။ 
မတ်ဟန်ကော့သည်  ၎င်း၏ လက်ထောက်ဖြစ်သူနှင့်    အတူ ပွေ့ဖက်နေသည့်ပုံကို  သတင်းစာ တွင်  ဖော်ပြခံရပြီးနောက်   ရာထူး မှ  နုတ်ထွက်ရန်အတွက် ပြင်းထန် သည့်      ဖိအားပေးမှုများနှင့်    ရင်ဆိုင်နေရသည်။     အဆိုပါ ဓာတ်ပုံမှာ   မေလအစောပိုင်း လောက်က     ရိုက်ထားမိသည့် ပုံဖြစ်ပြီး ထိုစဉ်က ဗြိတိန်အစိုးရ သည် မည်သူမဆို နေအိမ်ပြင်ပ တွင် လူအချင်းချင်း ခပ်ခွာခွာနေ ရန် အမိန့်ထုတ်ထားသည့်ကာလ လည်း ဖြစ်သည်။ 
ကိုဗစ် - ၁၉   စည်းကမ်းချက် များကို ချိုးဖောက်မိသည့်အတွက်  တောင်းပန်ကြောင်း စာတစ်စောင် ကို  မတ်ဟန်ကော့က   ဗြိတိန် ဝန်ကြီးချုပ်  ဘောရစ်ဂျွန်ဆင်ထံ ဇွန် ၂၆ ရက်က ပေးပို့ခဲ့သည်။ 
ဗြိတိန်နိုင်ငံအတွင်း   နေထိုင် ကြသူများ၏ စွန့်လွှတ်အနစ်နာခံ မှုများကို ကောင်းစွာ သိနားလည် ကြောင်း၊ ၎င်း၏ လုပ်ရပ်အတွက် ရာထူးမှ နုတ်ထွက်လိုက်ကြောင်း တွစ်တာပေါ်တွင်      တင်ထားခဲ့ သည်။ 
ယခင်     ဘဏ္ဍာရေးဝန်ကြီး ဟောင်း     ဆာဂျစ်ဂျာဗက်ကို ကျန်းမာရေးဝန်ကြီးသစ် အဖြစ် ရွေးချယ်ထားသည်။    ၎င်းသည် ဗီဇပြောင်း ကိုဗစ် - ၁၉ ဒယ်တာ ကြောင့်   ကူးစက်မှုများပြားလာ ခြင်းကို ကိုင်တွယ်ဖြေရှင်းရမည် ဖြစ်သည်။ ဗြတိန်နိုင်ငံတွင်   ဇွန် ၂၆   ရက်    တစ်ရက်တည်းတွင်ပင်   နောက်ထပ်ရောဂါ ကူးစက်ခံရသူ    ၁၈၀၀၀   ကျော်   တွေ့ရှိခဲ့သည်ဟု သိရသည်။ 
အင်န်အိတ်ချ်ကေ