
ဖနောင်ပင် ဖေဖော်ဝါရီ ၁၇
ကမ္ဘောဒီးယားနှင့် စင်ကာပူနိုင်ငံ တို့သည် နှစ်နိုင်ငံအပြန်အလှန် အကျိုးဖြစ်ထွန်းရန်အတွက် ကိုဗစ်-၁၉ အလွန်ကာလများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု များ တိုးမြှင့်ရန်ကတိပြုခဲ့ကြ ကြောင်း နှစ်နိုင်ငံ သီးခြားထုတ်ပြန် ချက်တွင် ဖေဖော်ဝါရီ ၁၆ ရက်က ထုတ်ပြန်လိုက်သည်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီရန်ဘလက်ခရစ်ရှန် ကမ္ဘော ဒီးယားနိုင်ငံသို့ နှစ်ရက်ကြာ ခရီးသွားရောက်စဉ် အဆိုပါ ကတိကဝတ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ် သည်။
ကမ္ဘောဒီးယားဘက်ကလည်း စင်ကာပူနှင့် ကမ္ဘောဒီးယားနိုင်ငံ များအကြားနွေးထွေးပြီး ကာလ ရှည်ကြာသည့် ချစ်ကြည်ရင်းနှီးမှု များကို အတည်ပြုခဲ့ကြောင်းနှင့် ကိုဗစ်-၁၉ အလွန် ပြန်လည် တိုးတက် ဖြစ်ထွန်းမှုများဆီသို့ ရှေးရှုသွားရာတွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက် လုပ်ဆောင်သွားရန် ကတိပြုခဲ့ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်၏ ကိုဗစ်-၁၉ အခြေ အနေများ အောင်မြင်စွာထိန်းချုပ် နိုင်မှုများအပေါ် ဂုဏ်ယူကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်သည်။
ထို့အတူ ဟွန်ဆန်ကလည်း တိုးတက် ဖြစ်ထွန်းလာသည့် စီးပွားရေးဆိုင်ရာ ချိတ်ဆက်မှုများ နှင့် စင်ကာပူ၏ နောက်ထပ် ရင်းနှီးမြှုပ်နှံမှုများကိုလည်း ကြိုဆို ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် အာရှ-ပစိဖိတ်ဒေသ တွင် ကုန်သွယ်မှုများနှင့် ရင်းနှီး မြှုပ်နှံမှုများ ပိုမိုလုပ်ဆောင်ရန် အရေးကြီးကြောင်း နှစ်နိုင်ငံလုံးက သဘောတူခဲ့ကြသည်။
ဆင်ဟွာ