ကိုဗစ်-၁၉ အလွန် နှစ်ဝက်အတွင်း တရုတ်နိုင်ငံစီးပွားရေး ယမန်နှစ်ကာလတူထက် ၂ ဒသမ ၅ ရာနှုန်းတိုးတက်

 

ပေကျင်း  ဇူလိုင်  ၂၈


တရုတ်နိုင်ငံ အမျိုးသားစာရင်းအင်းဗျူရို၏  အချက် အလက်များအရ ကိုဗစ်အလွန်ကာလ ယခုနှစ် ပထမ နှစ်ဝက်တွင် တရုတ်နိုင်ငံ၏ GDP သည် တရုတ် ယွမ်ငွေ ၅၆ ဒသမ  ၂၆၄၂   ထရီလီယံယွမ်ဖြစ်ပြီး ယမန်နှစ် ကာလတူထက် ၂ ဒသမ  ၅  ရာခိုင်နှုန်း  တိုးတက်လာခဲ့သည်။

 


တစ်နိုင်ငံလုံး၏     စက်မှုလုပ်ငန်းတိုးတက်မှု ပမာဏသည် ယမန်နှစ်ကာလတူထက် ၃ ဒသမ ၄ ရာခိုင်နှုန်း  တိုးတက်လာခဲ့သည်။  နွေရာသီ စားနပ် ရိက္ခာ စုစုပေါင်းထုတ်လုပ်မှုပမာဏသည် ၁၄၇ ဒသမ ၃၉ သန်းရှိကာ ယမန်နှစ်ထက် ၁ ဒသမ ၄၃၄ သန်း တိုးတက်လာခဲ့ပြီး ဝန်ဆောင်မှုလုပ်ငန်းမှာမူ ယမန်နှစ် ကာလတူထက် ၁ ဒသမ ၈ ရာခိုင်နှုန်း  တိုးလာခဲ့သည် ဟု ဖော်ပြထားသည်။

 


နိုင်ငံတစ်ခုလုံးအနေဖြင့် မြို့ပြ၌ အသစ်တိုးသည့် လုပ်ငန်းခွင်ဝင်သူလူဦးရေသည် ၆ ဒသမ ၅၄ သန်း ရှိသည်။ အဆင့်မြင့်နည်းပညာ  ကုန်ထုတ်လုပ်မှုလုပ်ငန်း တိုးတက်မှုပမာဏသည်  ယမန်နှစ်ကာလတူထက်  ၉ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ အဆင့်မြင့် နည်းပညာလုပ်ငန်း   ရင်းနှီးမြှုပ်နှံမှုသည်   ၂၀  ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်ကို   မြင်တွေ့ရ သည်။၊

သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွား‌ရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။   ခင်ရတနာ စုစည်းဖော်ပြသည်၊၊