
ခရမ်း မေ ၁၀
ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် မီးသတ်ဦးစီးဌာနက မုန်တိုင်း အန္တရာယ်ကျရောက်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေး အတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြတ်စိုးမိုး ဦးဆောင်၍ တပ်ဖွဲ့ဝင် များဖြင့် ကာကွယ်ရေးသုံးပစ္စည်းများ စုဖွဲ့ခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်း များကို ယမန်နေ့က မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ ဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မုန်တိုင်းအန္တရာယ်ကျရောက်၍ ပြိုကျ အဆောက်အအုံများရှိပါက ကယ်ဆယ်ရွှေ့ထုတ်ရန်၊ သစ်ပင်များ ပြိုလဲသည့်အခါ အသုံးပြုသည့် လွှစက်များ အစရှိသည်တို့ကို အသင့်စုဖွဲ့ ဆောင်ရွက်ထားရှိခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်းများကို ဆောင်ရွက် သည်။
ကိုမင်း (ခရမ်း)