
ရန်ကုန် ဇန်နဝါရီ ၁၁
မြန်မာ့မီးရထားအနေဖြင့် ခရီးသွားပြည်သူများသွားလာနိုင်ရန် ရန်ကုန် မြို့ပတ်ရထား အစင်း ၃၀ ဖြင့် ပြေးဆွဲလျက်ရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။
မြန်မာ့မီးရထားအနေဖြင့် မြို့ပတ်ရထား လက်ရှိ အစင်း ၃၀ ဖြင့် ရန်ကုန်-ဒညင်းကုန်းလမ်းပိုင်း၊ ရန်ကုန်-မင်္ဂလာဒုံ-အင်းစိန်လမ်းပိုင်း၊ ရန်ကုန်-တိုးကြောင်ကလေးလမ်းပိုင်း လက်ရှိ ရထားတွဲဆိုင်း ငါးဆိုင်း ဖြင့် ခေါက်ရေ ၃၀ နေ့စဉ်ပြေးဆွဲပေးလျက်ရှိပြီး ခရီးသည်ဦးရေ ၄၅၀၀ မှ ၅၀၀၀၊ တချို့ပိတ်ရက်တွင် ၅၀၀၀ ကျော် နေ့စဉ်စီးနင်းလျက် ရှိကြောင်း သိရသည်။
ထို့ပြင် နယ်ဝေးခရီးစဉ်ရထားလက်မှတ်များကို အွန်လိုင်းဖြင့် လုံးဝ(လုံးဝ) မရောင်းသေးကြောင်း၊ အထက်တန်းလက်မှတ်ကို သုံးရက် ကြိုတင်ရောင်းချပေးကြောင်း၊ လိုက်မည့်လူတစ်ဦးကို လက်မှတ်သုံးစောင် ဝယ်ယူ၍ရကြောင်း၊ ရိုးရိုးတန်းလက်မှတ်ကို တစ်ရက်ကြိုတင်ရောင်းချပေးကြောင်း၊ လူတစ်ဦးကို ငါးစောင်အထိ ဝယ်ယူ၍ရကြောင်း၊ နံနက် ၇ နာရီမှ ညနေ ၃ နာရီအထိ ရောင်းချ ပေးကြောင်း၊ ရက်ကြိုလက်မှတ်ရုံ၌ ရထားထွက်မည့်နေ့တွင် လက်ကျန် လက်မှတ်များကို ရန်ကုန်ဘူတာကြီး လက်မှတ်အရောင်းဌာနတွင် ဆက်လက်ရောင်းချပေးကြောင်း၊ ဗိုလ်ချုပ်လမ်း ဝဇီရာရုပ်ရှင်ရုံရှေ့ ရက်ကြိုလက်မှတ်ရုံ၌ ရက်ကြိုလက်မှတ်များကို ရောင်းချပေးလျက် ရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။
အာကာစိုး