
ပဲခူး ဇူလိုင် ၂၉
ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် ဒေသတွင်း ခရီးသွားလုပ်ငန်းများ အမြန် ပြန်လည်ဦးမော့လာ စေရေးနှင့် ပြန်လည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ ပူးပေါင်းဆောင် ရွက်ရေးသည် အရေးကြီးကြောင်း၊ တိုင်းဒေသကြီး အတွင်း ကိုဗစ် -၁၉ ရောဂါ ဖြစ်ပွားမှု လျော့ပါးလာခြင်း နှင့်အတူ ဇူလိုင်လအတွင်း နိုင်ငံတကာခရီးသွား ဧည့်သည်လာရောက်လည်ပတ်မှု Package Tour ခရီးစဉ် ငါးကြိမ်နှင့် ထိုင်းခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ခဲ့ကြကြောင်း ပဲခူးတိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင် ဟံသာအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည့် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၂) တွင် တိုင်း ဒေသကြီးဝန်ကြီးချုပ်က ထိုသို့ ပြောကြားခြင်း ဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အစိုးရအဖွဲ့အနေဖြင့် ရှေးဟောင်းအဆောက်ဦ၊ ကျုံး၊ မြို့ရိုးများ ပြန်လည်အဆင့်မြှင့်တင်၍ ခရီးသွားနေရာ သစ်များ ဖော်ထုတ်ခြင်း၊ ရှေးဟောင်းယဉ်ကျေးမှု ဆိုင်ရာ အပန်းဖြေနေရာများ တည်ဆောက်ခြင်းနှင့် အတူ မြို့ပြသန့်ရှင်းသာယာလှပစေရေးကို ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ကော်မတီအနေဖြင့် ခရီးသွားဧည့်သည်များ၏ လုံခြုံရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ခရီးသွားလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေးအကြံပြုကြစေ လိုကြောင်း ပြောကြားသည်။
ထို့နောက် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီး ဌာန တိုင်းဒေသကြီးဦးစီးမှူးက ဟိုတယ်လုပ်ငန်း လိုင်စင်အသစ်လျှောက်ထားလာမှု တစ်ခု၊ ခရီးလှည့်လည် ရေးကုမ္ပဏီ သက်တမ်းတိုးတစ်ခု၊ လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်း၊ ခရီးသွားဧည့်လမ်းညွှန်သက်တမ်း တိုးခြင်းနှင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့တွင် နေပြည်တော်ပြခန်း၌ ခင်းကျင်းပြသသွားမည့် နမူနာပုံစံများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကော်မတီအဖွဲ့ဝင်များက တင်ပြ ချက်များနှင့်ပတ်သက်၍ အကြံပြုဆွေးနွေး တင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်