
နေပြည်တော် အောက်တိုဘာ ၂၁
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်သည် ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးဌာန နီလာ ခန်းမ၌ အစိုးရရုံးပိတ်ရက်ကာလ များအတွင်း ပြည်တွင်း/ ပြည်ပ ခရီးသွားများ ခရီးစဉ်ဒေသများသို့ သွားရောက် လည်ပတ်ရေးနှင့် စပ်လျဉ်း၍ အထူးသဖြင့် ပြည်တွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး သို့ Hybrid စနစ်ဖြင့် တက်ရောက် သည်။
တက်ရောက်
အစည်းအဝေးသို့ ဝန်ကြီးဌာန မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ နှင့် ညီနောင်အသင်းများမှ တာဝန် ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲ များမှ တာဝန်ခံများက အွန်လိုင်းမှ တက်ရောက်ကြသည်။
အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယခု ပွင့်လင်းရာသီတွင် ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များ စဉ်ဆက် မပြတ် ကျရောက်လျက်ရှိရာ ပြည်တွင်း/ ပြည်ပ ခရီးသွား ဧည့်သည်များ ခရီးစဉ်ဒေသများသို့ လွယ်ကူအဆင်ပြေစွာ သွားရောက် လည်ပတ်နိုင်ရေးအတွက် ဒေသ အလိုက် အဆင်ပြေစွာ သွားလာ နိုင်ရေး တည်းခိုနေထိုင် စားသောက် ရေးအပိုင်းများတွင် အဘက်ဘက် က အဆင်ပြေအောင် ဂရုပြုစီစဉ်ကြ ရန် လိုအပ်ပါကြောင်း၊ ထိုကဲ့သို့ ခရီးစဉ်ဒေသများတွင် ခရီးသွား ဧည့်သည်များ ပိုမိုတိုးတက် ဝင်ရောက်လာခြင်းဖြင့် ဒေသခံ တို့၏ လူမှုဘဝစီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးကို များစွာအထောက် အပံ့ဖြစ်စေသည့်အတွက် ပြည်တွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးကို တွန်းအားပေး ကြိုးစားကြရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ခရီးစဉ်ဒေသများတွင် ပြည်တွင်း ခရီးသွားလုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်လာရေးအတွက် အစိုးရ- ပုဂ္ဂလိက ပြည်သူအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း ပြောကြား သည်။
ရှင်းလင်းတင်ပြ
ယင်းနောက် တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ ရုံးခွဲတာဝန်ခံ များက ခရီးစဉ်ဒေသများအလိုက် အစိုးရရုံးပိတ်ရက် ကာလများ အတွင်း ပြည်တွင်း/ ပြည်ပ ခရီးသွား ဧည့်သည်များ ခရီးသွားဆွဲဆောင် ရာ နေရာများသို့ သွားလာလည်ပတ် မှု အခြေအနေများ၊ တည်းခို နေထိုင်မှု အခြေအနေများနှင့် ပြည်တွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ အား ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များကို ဖြည့်စွက်မှာကြား သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ဝန်ကြီးဌာန နီလာ ခန်းမ၌ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း မြှင့်တင်ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ Myanmar Airways International (MAI) မှ Chief Commercial Officer ဖြစ်သူ Mr. Tanes Kumar နှင့်အဖွဲ့ကို အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံခဲ့ သည်။
တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများ စနစ်တကျ နှင့် အရှိန်အဟုန်မြှင့် ဖွံ့ဖြိုး တိုးတက်လာစေရန် ဝန်ကြီးဌာန က ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ နိုင်ငံတကာလေကြောင်း လိုင်းများ ပြန်လည်ပျံသန်းပြေးဆွဲ ခွင့်ပြုခဲ့ပြီး လေကြောင်းလိုင်းများ အနေဖြင့် ခရီးသွားမြှင့်တင်ရေး အတွက် ခရီးစဉ်ဆိုင်ရာကိစ္စရပ် များ ဆောင်ရွက်ရာတွင် ဝန်ကြီး ဌာနမှ ကူညီဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်းနှင့် ယခုအခါ ရုရှား နိုင်ငံမှ ခရီးသွားဧည့်သည်များနှင့် လုပ်ငန်းရှင်များ လာရောက်နိုင်ရန် နိုင်ငံတော်မှ အခွင့်အလမ်းများ ဖော်ဆောင်ပေးလျက်ရှိရာ မြန်မာ နိုင်ငံ၏ ခရီးစဉ်ဒေသများကို မြှင့်တင်နိုင်ရန်အတွက် Ural Airline Inflight မဂ္ဂဇင်းတွင် ထည့်သွင်းဖော်ပြရန် စီစဉ်ဆောင် ရွက်လျက်ရှိပါကြောင်း၊ MAI အနေ ဖြင့်လည်း လေကြောင်းပို့ဆောင် ရေး အပိုင်းမှ ပူးပေါင်းဆောင်ရွက် ပေးစေလိုပါကြောင်း ပြောကြား သည်။
အကြံပြုဆွေးနွေး
ဆက်လက်၍ Myanmar Airways International (MAI) မှ Chief Commercial Officer ဖြစ်သူ Mr. Tanes Kumar က MAI လေကြောင်းလိုင်းမှ စီစဉ်ဆောင် ရွက်သွားမည့် ခရီးသွားမြှင့်တင် ရေးဆိုင်ရာ အစီအမံများ၊ ဒေသ တွင်းနိုင်ငံများနှင့် ခရီးစဉ်များ တိုးချဲ့ပျံသန်းမည့် အစီအစဉ်များ၊ လတ်တလော ပြေးဆွဲဆောင်ရွက် နေသည့် ခရီးစဉ်ဒေသများနှင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လိုသည့် အချက်အလက်များအား ရှင်းလင်း တင်ပြ ဆွေးနွေးခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များကို အကြံပြုဆွေးနွေး ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်