
ဘန်ကောက် ဇွန် ၂၂
ထိုင်းအစိုးရသည် ၎င်း၏ထင်ရှား ကျော်ကြားသော ဖူးခက်အပန်းဖြေ ကမ်းခြေကျွန်းကို နိုင်ငံခြားသား များအတွက် သီးသန့်ကန့်သတ်စောင့်ကြည့်မှုမလိုအပ်ဘဲ ရှေ့လ တွင် ဖွင့်လှစ်သွားရန် စီစဉ်လျက် ရှိကြောင်း သိရသည်။ ထိုင်းနိုင်ငံ တွင် ဖူးခက်ကျွန်းသည် ပထမဆုံး နိုင်ငံခြားသားအပန်းဖြေ အနားယူ ရာ နေရာဖြစ်သည်။ ဇူလိုင် ၁ ရက်မှစကာ ဖူးခက် ကျွန်းကို ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှု နိမ့်ကျသည့်နိုင်ငံများနှင့် အလယ်အလတ်ရှိသည့် နိုင်ငံ များမှ ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံထားသည့် နိုင်ငံခြားသားများကို ကွာရန်တင်း လိုအပ်ချက်ကို ဖြေလျှော့ပေးပြီး လာရောက်လည်ပတ်ခွင့်ပြုမည် ဖြစ်သည်။ ရောက်ရှိလာသည့် နိုင်ငံခြား သားများသည် ကျွန်းပေါ်တွင် ၁၄ ရက်ကြာနေထိုင်ရမည်ဖြစ် သည်။ ထို့နောက် ၎င်းတို့အနေဖြင့် နိုင်ငံအနှံ့ ကြိုက်သည့်နေရာ သွားလာနိုင်ရန် ခွင့်ပြုပေးမည် ဖြစ်သည်။ ယခုကဲ့သို့ လုပ်ဆောင်ခြင်း ဖြင့် ကိုဗစ်-၁၉ ကြောင့် အကြီး အကျယ်ထိခိုက်နေသော ခရီးသွား ကဏ္ဍကို ပြန်လည်ကုစားရာ ရောက်မည်ဟု အစိုးရကမျှော်လင့် ထားသည်။ အင်န်အိတ်ချ်ကေ