ခရီးသွားဧည့်သည်များကြား နာမည်ကြီးခဲ့သည့် မြိတ်ကျွန်းစုခရီးသွားလုပ်ငန်းများ ရပ်တန့်လုနီးပါးဖြစ်လာ

 

မြိတ် မတ် ၁၉
တနင်္သာရီတိုင်းဒေသကြီးအတွင်း   တည်ရှိသော ခရီးသွားဧည့်သည်များကြား   နာမည်ကြီးခဲ့သည့် မြိတ်- ကျွန်းစုသို့ ယခင်ကလာရောက်လည်ပတ်သူ များပြားခဲ့သော်လည်း   ယခုအခါ   လာရောက် လည်ပတ်သူ    နည်းပါးလာသည့်အတွက်   ခရီးသွား လုပ်ငန်းများ        ရပ်တန့်လုနီးပါးဖြစ်လာကြောင်း ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
“ မိုင်   ၅၀  အကွာ  ကျွန်းတွေကို သွားမယ်ဆိုရင် အရင်က   ဆီတစ်ပီပါ သုံးသိန်းနဲ့  ဆီဖိုး   ၁၀  သိန်း လောက် ကုန်တယ်။   အခုဆီဈေးနဲ့က   ဆီဖိုး   ၁၅ သိန်းကျော်လောက် ကုန်မယ်။ ဆီဈေး သုံးသိန်းရှိတဲ့ အချိန်က နေ့ချင်းပြန် သွားရောက်လည်ပတ်တာ     လူတစ်ဦးကို  တစ်သိန်း  ကုန်ကျတယ်။ အခုဆိုရင် တစ်သိန်းခွဲလောက်ကျတော့   အဟန့်အတားဖြစ် နေပါတယ်”ဟု ခရီးသွားလုပ်ငန်းရှင် တစ်ဦးက ပြောသည်။
ကိုဗစ်ရောဂါ  အခြေအနေများနှင့်   နိုင်ငံရေး အခြေအနေများကြောင့်     ကျဆင်းသွားခဲ့ရသည့် ခရီးသွားလုပ်ငန်းမှာ     ပြီးခဲ့သည့်    တစ်လကျော်က အနည်းငယ်    ပြန်လည်စည်ကားလာသော်လည်း ကပ်ရောဂါ       တစ်ကျော့ပြန်ဖြစ်လာခြင်းနှင့်    လမ်းခရီး   လုံခြုံရေးများကြောင့်   ခရီးသွားများ         ပြန်လည်ကျဆင်းသွားခြင်းဖြစ်ကြောင်း   ခရီးသွား လုပ်ငန်းရှင်များက ပြောသည်။
“ မြိတ် -  ကျွန်းစ ခရီးသွားလုပ်ငန်းရပ်တန့်လု နီးပါး   ဖြစ်သွားတာက   ၂၀၂၀    ကိုဗစ်ကာလ ကတည်းက ဖြစ်နေတာပါ၊၊  အဲဒီတော့  ခရီးသွား လုပ်ငန်းက  ရပ်နားထားခဲ့ရတယ်။   ကူးစက်မှုနှုန်း      လျော့နည်းလာတော့လည်း  ခရီးသည် ဝင်ရောက်မှု နည်းတဲ့အတွက် ပြန်လည်ပတ်စပြုနေတဲ့   ခရီးသွား လုပ်ငန်းက ရပ်တန့်လုနီးပါး ပြန်ဖြစ်နေပါတယ်” ဟု  ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ကျွန်းပေါင်း  ၈၀၀  ကျော်တည်ရှိသော   မြိတ် ကျွန်းစုဒေသတွင်   ပြည်တွင်း၊    ပြည်ပခရီးသွား အများစု  စိတ်ဝင်တစား  ပိုမိုလည်ပတ်လေ့ရှိသော ကျွန်းများမှာ  လေးကျွန်း၊  ဘေလီကျွန်း၊   ကြယ်လိပ် ကျွန်း၊ ဒုံညောင်မှိုင်း၊ စမတ်ကျွန်း၊ ပဒန်ကျွန်းနှင့် ဒုံရေတခွန်တို့ဖြစ်ကြောင်း သိရသည်။
“ရောဂါကူးစက်မှုနဲ့ လမ်းခရီးလုံခြုံရေးအနေ အထားများကြောင့်   ကားလမ်းကနေ   ခရီးသည်  တိုက်ရိုက်လာရောက်သူ မရှိသလောက် နည်းပါး သွားပါတယ်။     လေယာဉ်ခရီးစဉ်အနေနဲ့လည်းပဲ      ကျန်းမာရေးစစ်ဆေးမှုတွေ     ခံယူရတဲ့အတွက် ခရီးစဉ်အနေနဲ့ သီးသန့်လာတာမရှိပါဘူး၊၊  သာရေး၊  နာရေးကိစ္စနဲ့     အရေးကြီးအလုပ်ကိစ္စတွေနဲ့ပဲ     သွားလာနေကြပါ တယ်။     အခုကျွန်းခရီးစဉ်တွေက   တစ်ပတ်မှာ     တစ်ခေါက်တောင်     ဧည့်သည်မရ တော့ပါဘူး”  ဟု ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
၂၀၂၀ ပြည့်နှစ် မတိုင်ခင်က  မြိတ်တွင် ခရီးသွား ကုမ္ပဏီ ၄၀  ကျော်ရှိရာမှ ယခုအခါ ကုမ္ပဏီ  ၁၀ ခု ခန့်သာ  ကျန်တော့ကြောင်း သိရသည်၊၊
မြင့်ဦး(မြိတ်)