ချင်းပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

 

ဟားခါး    ဇန်နဝါရီ    ၁၉


ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာန ဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် ( ၁/၂၀၂၄ ) ကို ဟားခါးမြို့ ချင်းပြည်နယ်အစိုးရအဖွဲ့ ရုံး အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၁၉ ရက် နံနက် ၁၀ နာရီက ကျင်းပရာ    ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊    အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် နိုင်ဝင်းအောင် ၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်     ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့    အတွင်းရေးမှူးနှင့်     ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်   ပြည်နယ် ဝန်ကြီးချုပ်က   ပြည်နယ်အဆင့်ဌာနဆိုင်ရာများ အနေဖြင့် မည်သည့်လုပ်ငန်းမဆို   ဆောင်ရွက်ရာ တွင် နိုင်ငံတော်အစိုးရနှင့် ပြည်နယ်အစိုးရ၏ မူဝါဒ၊    ဦးတည်ချက်၊ လုပ်ငန်းစဉ်  စသည့်မူဘောင်အတွင်း၌သာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက် ရာ၌ ဒေသအခြေအနေကိုလည်း ထည့်သွင်းစဉ်းစား ရမည်ဖြစ်ကြောင်းနှင့်    ဌာနအလိုက်    လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို  တင်ပြပေးစေလို ကြောင်း ပြောကြားသည်။


ယင်းနောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်  မှ ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်က  လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ပြောကြားပြီးနောက် အစည်းအဝေး တက်ရောက်သည့်   ပြည်နယ်အဆင့်   ဌာနဆိုင်ရာ တာဝန်ရှိသူများက   မိမိတို့ဌာနအလိုက်   လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို     ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြကြသည်။


ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်လုံခြုံ ရေးနှင့်     နယ်စပ်ရေးရာဝန်ကြီး    ဗိုလ်မှူးကြီး သိန်းထွန်းအောင် ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးကျော် စိုးဝင်း၊  ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုး၊  ပြည်နယ်ဥပဒေချုပ်  ဦးဆွန် ဒုတ်ကျင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအောင်ချိုတို့က အကြံပြုဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ  ပေါင်းစပ် ညှိနှိုင်းပေးကာ  နိဂုံးချုပ်  အမှာစကားပြောကြားခဲ့ ကြောင်း သိရသည်။                    

ခရိုင်(ပြန်/ဆက်)