
ဟားခါး အောက်တိုဘာ ၃
အစိုးရ စက်မှုလက်မှုသိပ္ပံ(ဟားခါး) ၌ အောက်တိုဘာ ၂ ရက်က သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာန၏ နှစ်ပတ်လည်အခမ်းအနား ကျင်းပ ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ချင်း ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မိုးဟိန်း၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဟိန်းထက်အောင်၊ အစိုးရ စက်မှုလက်မှုသိပ္ပံ(ဟားခါး) ကျောင်းအုပ်ကြီးနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြ သည်။
အခမ်းအနားတွင် ပြည်နယ် ဝန်ကြီးချုပ်က ချင်းပြည်နယ် သည် ဒေသဖွံ့ဖြိုးတိုးတက်မှု အားအနည်းဆုံး ပြည်နယ်ဖြစ်ပြီး အဆိုပါ ဖွံ့ဖြိုးတိုးတက်မှု အားနည်းမှုကို ကုစားနိုင်ရေးအတွက် အဓိကလိုအပ်ချက်မှာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက် ရေးဖြစ်ကြောင်း ၊ ထိုသို့ လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်နိုင်ရေးအတွက် ဟားခါး မြို့ရှိ အစိုးရစက်မှုလက်မှု သင်တန်းကျောင်းသည် အရေးပါ သည့် အခန်းကဏ္ဍတွင် ပါဝင် လျက်ရှိကြောင်း၊ ထို့ကြောင့် ကျောင်းအုပ်ကြီးအပါအဝင် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၏ လိုအပ်ချက်များ ကို ပြည်နယ်အစိုးရအဖွဲ့မှ အနီးကပ် လက်တွဲညှိနှိုင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် အောင်မြင်မှုလည်း ရရှိခဲ့ပါ ကြောင်း၊ အထူးသဖြင့် ဒီနှစ်မှ စတင်ဖွင့်လှစ်သည့် စက်မှုစိုက်ပျိုး မွေးမြူးရေးအထက်တန်းကျောင်း ကို ဟားခါးမြို့နှင့် ပလက်ဝမြို့များ တွင် အောင်မြင်စွာ ဖွင့်လှစ်ခဲ့ ကြောင်း၊ ဒီထက်မက သင်တန်း များ ဖွင့်လှစ်နိုင်ရေးကိုလည်း ဆက်လက် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းဖြင့် အမှာ စကား ပြောကြားသည်။
ထို့နောက် အစိုးရစက်မှု လက်မှုသိပ္ပံ (ဟားခါး) ကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်ခင်သူ သူထွန်းမှ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန အကြောင်းကို ရှင်းလင်းတင်ပြပြီး ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ဗီဒီယိုကလစ်ဖြင့် ပြသပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားပြီး အစိုးရ စက်မှုလက်မှုကျောင်း စာကြည့်တိုက်ကို လှည့်လည် ကြည့်ရှုသည်။
ခရိုင် (ပြန်/ဆက်)