
ဟားခါး မတ် ၁၈
ချင်းပြည်နယ်အတွင်းရှိ ကျေးရွာများသို့ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး သွားရောက်ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့က ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က လာမည့် ဧပြီလကုန်တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မိမိတို့ပြည်နယ်အတွင်းရှိ မည်သူတစ်ဦး တစ်ယောက်မျှမကျန်ဘဲ ဦးတည်အုပ်စုအားလုံးကို ရာခိုင်နှုန်းပြည့် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပေးနိုင်ရေး အတွက် ဌာနဆိုင်ရာများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ စေတနာ့ ဝန်ထမ်းများက ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဟားခါးမြို့နယ် လူထုကျန်းမာရေးစောင့်ရှောက်မှု ကော်မတီဥက္ကဋ္ဌ၊ သိက္ခာတော်ရဆရာတော် ဒေါက်တာစတီဗင်လျန် ဟုပ်လိန်းက ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ တွင် ပူးပေါင်းဆောင်ရွက်မှုအခြေအနေနှင့်အစီအမံများကို ဆွေးနွေး တင်ပြပြီး သိက္ခာတော်ရဆရာတော် ဒင်းနစ်ငွန်ထောင်းမန်က ဖြည့်စွက်ဆွေးနွေးသည်။
ဆက်လက်၍ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာအောင်မြင့်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များက ကိုဗစ်−၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်မှုနှင့် ကျေးရွာများတွင် ကိုဗစ်−၁၉ ကာကွယ်ဆေးထိုးနှံ ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက အကြံပြုဖြည့်စွက်တင်ပြ ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းပေးသည်။
ခရိုင် (ပြန်/ဆက်)